မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan ဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ စက်တင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံကို တရားဝင် လာရောက်မှာဖြစ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အကောင်အထည်ဖော်ရေး နည်းလမ်းတွေနဲ့ အခြားအကြောင်းအရာတွေ ဆွေးနွေးမှာဖြစ်ကြောင်း Bernama သတင်းက ဩဂုတ်လ ၁၄ ရက်မှာ ဖော်ပြထားပါတယ်။

အခုနှစ်ကုန်ပိုင်းမှာ အာဏာသိမ်းစစ်အုပ်စုက လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိစေဖို့ ရည်ရွယ်ပြီး စစ်ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေအဖွဲ့တို့ တွေ့ဆုံမှာဖြစ်ကြောင်း မိုဟာမက်က ပြောပါတယ်။

ခရီးစဉ်ရဲ့ ရလဒ်ကို ကွာလာလမ်ပူမှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေထံ တင်ပြမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး၊ အားလုံးပါဝင်ဆွေးနွေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ခွင့်ပြုရေးအပါအဝင် အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ် ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း အပြည့်အဝ လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

(ဓာတ်ပုံ Bernama)

“မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှု အခြေအနေ ပြန်လည်မရရှိသေးသ၍၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ မဖွဲ့ရသေးသ၍ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထူးသဖြင့် ကော့ဘဇားဒေသမှာ လက်ရှိ ရိုဟင်ဂျာ ၁.၃ သန်းကို စီမံခန့်ခွဲနေရပါတယ်” လို့ သူက ဆိုပါတယ်။

“မလေးရှားလည်းအတူတူပါပဲ၊ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁၅၀,၀၀၀ နီးပါးကို လက်ခံပေးနေပါတယ်။ ကုလသမဂ္ဂ (UN) အဖွဲ့ဝင်နိုင်ငံအနေနဲ့ သူတို့ကို ယာယီလက်ခံထားတာပါ၊ အမြဲတမ်းမဟုတ်ပါဘူး” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် မိုဟာမက်က စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) က အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့ ဒါမှမဟုတ် နေရာပေါင်း ၆၃ ခု ရှိနေသေးတာကြောင့် ရွေးကောက်ပွဲကို တနိုင်ငံလုံးလုပ်မှာလားဆိုတဲ့အပေါ် ရှင်းလင်းပေးဖို့လိုလားကြောင်း ပြောဆိုထားပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ မြန်မာ့အရေးမှာ ရွေးကောက်ပွဲဟာ ဦးစားပေးကိစ္စမဟုတ်ဘဲ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်တန့်စေရေးကိုသာ အထူးအာရုံစိုက်ရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ ပြောဆိုခဲ့ပါတယ်။

မူရင်းသတင်း – Malaysia, ASEAN To Hold Talks On Myanmar Election Plans During Sept 19 Working Visit

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

တေးရေး နိုင်မြန်မာရဲ့ ရုပ်ကလာပ်ကို ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် (ဓာတ်ပုံသတင်း)

ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ ဦးနိုင်ဦးမြင့် (ခ) တေးရေးဆရာ နိုင်မြန်မာ ရဲ့​ ရုပ်ကလာပ်ကို ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် နေအိမ်ကနေ ရေဝေးသုဿန်အအေးခန်းဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမှာ လူငယ်များကို ပေါ်တာဆွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေ

အကြမ်းဖက်စစ်တပ် ပြန်လည်အုပ်ချုပ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

CDM ဆရာဝန်များကို ပြည်ပမှာ ဆက်လက် အလုပ်လုပ်ကိုင်ဖို့နဲ့ ပညာသင်ယူဖို့ ဖယ်ဒရယ် ဆမ လိုင်စင်များ ထုတ်ပေးထားဟု ဆို 

စစ်ကောင်စီက သူ့လက်အောက်မှာ နိုင်ငံ့ဝန်ထမ်း မလုပ်ဘဲ ဆေးတက္ကသိုလ်တွေမှာ ပညာသင်ယူပြီးစီးခဲ့တဲ့ ဆရာဝန် ၁၀၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်းထားမှုအပေါ်  အများစုကို ဖက်ဒရယ် ဆမ လိုင်စင်များထုတ်ပေးပြီး နိုင်ငံတကာမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့  ဆောင်ရွက်ပေးထားကြောင်း  ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ၊ ဆေး နှင့်ဆေးနှီးနွယ်တက္ကသိုလ်များရဲ့ အဓိပတိ ဖြစ်သူ ပါမောက္ခဒေါက်တာခင်မောင်လွင် က ပြောပါတယ်။
Read More

တောင်သာမှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယားကို လက်နက်နဲ့တကွ ပကဖ ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယား ၂ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။