တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ မလိဝမ်းရဲစခန်းနဲ့ အမှတ်(၅၈၂)ခြေမြန်တပ်ရင်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကော့သောင်းမြို့နယ် ပကဖ က မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် (၅၈၂) ခြေမြန်တပ်ရင်းနဲ့ မလိဝမ်းကျေးရွာရဲစခန်းတို့ကို ဩဂုတ်လ (၁၂) ရက် မနက်အစောပိုင်းမှာ အလစ်အငိုက် သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်က အရာရှိ ၁ ယောက် သေဆုံးပြီး စစ်သားနဲ့ ရဲ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိကာ စစ်ကော်မရှင်တပ်ရဲ့ အဆောက်အဦးတွေနဲ့ ဘန်ကာအများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ကော့သောင်း ပကဖ က ဆိုပါတယ်။

ကျန်ရှိနေတဲ့ စစ်သား၊ ရဲတွေ၊ စစ်တပ် သတင်းပေးတွေနဲ့ စစ်တပ်ထောက်တိုင်တွေအနေနဲ့ ပြည်သူ့ဘက် ရပ်တည်ကာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကော့သောင်း ပကဖ က တိုက်တွန်းထားပြီး  ပြည်သူ့ဘက် မရပ်တည်တဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေကို လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်အဟုန် မြှင့်ပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကော့သောင်း ပကဖ က သတိပေးထားပါတယ်။

ဒါ့အပြင် ကော့သောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အထူးဂရုပြုလိုက်နာပြီး စစ်ရေးအသိ စစ်ရေးသတိ အမြဲရှိဖို့ ကော့သောင်း ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ရေတာရှည်မှာ ဂျမ်မာတွေ ဖျက်ဆီးဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ထိတွေ့တိုက်ပွဲဖြစ်.. စစ်အုပ်စု ရမ်းပစ်လို့ အရပ်သား ၁ ယောက် ခေါင်းထိမှန်သေပြီး ၂ ယောက်ဒဏ်ရာရ…

ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။
Read More

CDF-Mindat ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (CDF-Mindat) ရဲ့ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းက ပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရကာ ပြည်သူ (၁) ယောက်ကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ နိုဝင်ဘာလ (၂၀) ရက်ကနေ (၂၆) ရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း လက်နက်ကြီး(၁၈)လုံး၊ ဒရုန်းနဲ့ အကြိမ် (၂၀)ကြိမ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အပြစ်မဲ့ ပြည်သူ (၁) ယောက်ကို စစ်ကောင်စီတပ် အကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအပါအ၀င် တော်လှန်ရေးအင်အားစုတွေနဲ့ အညာဒေသမှာ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်မယ်လို့ BPLA အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က အညာဒေသမှာ အခြေစိုက်တဲ့အခါ NUG ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံ PDF တပ်ဖွဲ့တွေအပါအ၀င် တခြားသော အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးကို အောင်မြင်အောင် ဆောက်ရွက်မယ်လို့ BPLA  ရဲ့ တပ်ဖွဲ့ကွပ်ကဲရေးမှူး မောင်ဆောင်းခက ပြောကြားလိုက်ပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၊ လက်ရှိပြုလုပ်နေသော ဆန်အိတ်တစ်ရာကမ်ပိန်းတွင်လည်း ပါဝင်ကူညီပေးကြပါရန် တိုက်တွန်း

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ ဒီကနေ့ လေးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။