မန္တလေးအိုးဘိုအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်နေရာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုင်ငံရေး အကျဉ်းသား (၁၇) ယောက် သေဆုံးခဲ့ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က နာမည်စာရင်းနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့၊ မနက် ၁၀ နာရီအချိန်မှာ အိုးဘိုအကျဉ်းထောင် အမျိုးသားအဆောင် ၄ နဲ့ အဆောင် ၆ ပေါ်ကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၁၇ ယောက်နဲ့ တခြား အကျဉ်းသား ၄ ယောက်၊ စုစုပေါင်း ၂၁ ယောက် သေဆုံးခဲ့ကြောင်း PPNM ကနေ စုံစမ်းအတည်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုပါ လုပ်ရပ်ကို ဘယ်အဖွဲ့အစည်းကနေ လုပ်ဆောင်ခဲ့သလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

“ဒရုန်းကြဲတဲ့ အဖွဲ့ကို ကျနော်တို့အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီက ကြဲတာလား… တော်လှန်ရေးအင်အားစုတွေက ကြဲတာလား ဆိုတာကို တိတိကျကျ ပြောဖို့ အခက်အခဲရှိပါတယ်။ ကျနော်တို့ အချက်အလက်ရရင်တော့ တရားဝင်ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒရုန်းကိုမှ Drop ဗုံးချခဲ့တာ ဖြစ်ပါတယ်” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

အခုလို ဗုံးကြဲမှုနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်ကတော့ ငြင်းဆိုထားကာ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး စွပ်စွဲ ရိုက်နှက်စစ်‌ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံတချို့ကတော့ အိုးဘိုထောင် ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုဟာ မမှန်ကန်ကြောင်း ထောက်ပြပြောဆိုမှုတွေ ရှိနေပါတယ်။

မန္တလေးမြို့ခံတစ်ယောက်က “ဗုံးကြဲခံရတယ်ဆိုပြီး သေဆုံးသူစာရင်းက အတိအကျ ထွက်လာတယ်။ ကျနော်တို့က ထောင်နားမှာ နေတဲ့သူတွေပဲ။ ကျနော်တို့တောင် မသိနေဘူး” လို့ ဆိုပါတယ်။

PPNM ကတော့ စစ်ကော်မရှင်ကနေ ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်ဖြစ်တာကြောင့် Drop ဗုံး ကြဲချခဲ့တဲ့ အဖွဲ့ကို စုံစမ်းသိရှိဖို့ အခက်အခဲတွေရှိနေပေမယ့် အတည်ပြုနိုင်ရေးအတွက် ဆက်လက်ကြိုးစား ဆောင်ရွက်နေပြီး ထူးခြားမှုတွေရှိရင် ဆက်ကက် ထုတ်ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဗုံးကြဲခြင်းနဲ့ မကြဲခြင်းကြားထဲမှာပဲ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား ၁၇ဦးနဲ့ အခြားအကျဉ်းသားတွေရဲ့ အသက်တွေ ပေးလိုက်ရပြီလို့ပဲ ကျနော်ကတော့ ပြောချင်ပါတယ်။ ကျဆုံးသွားတဲ့သူတွေကို လူမသိသူမသိနဲ့ ကျဆုံးစေချင်တာလားပေါ့နော်။ ပြီးတော့ လွန်ခဲ့တဲ့ ၈ရက်လောက်က အခြေအနေကို သတိတရ ရှိနေဖို့က အရမ်းခဲယဉ်းပါတယ်။ ပေါက်ကွဲသံကိုလည်း ကားဘီးပေါက်တာဆိုပြီး စကစက ဖုံးထားနိုင်တယ်ပေါ့နော်။ ဒီလို သတင်းမထွက်ဖို့ကိုလည်း စစ်ကောင်စီကရော… အကျဉ်းဦးစီးကရော… ဝန်ထမ်းတွေကအစ စနစ်တကျ ဖုံးဖိထားပါတယ်။ ကျနော်တို့ အဖွဲ့အနေနဲ့ကတော့ မှားယွင်းတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြီး ဝါဒဖြန့်ချီရေး ဘယ်တော့မှ မလုပ်ပါဘူး” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အသက်ရှင်သန်ပိုင်ခွင့် အပြည့်အဝရှိရမယ့် သူတွေဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ဟာ စစ်ရေးပစ်မှတ် လုံးဝ မဟုတ်ကြောင်း၊ အခုလို တိုက်ခိုက်မှုတွေကို PPNM အနေနဲ့ အပြင်းအထန် ကန့်ကွက်ကြောင်း၊ လူသားတစ်ယောက်အနေနဲ့ ရရှိရမယ့် အသက်ရှင်သန်ပိုင်ခွင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်ဖို့အတွက် PPNM အနေနဲ့ ဘယ်နည်းလမ်းနဲ့မဆို ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းကို အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းအဖွဲ့အစည်းနှစ်ခု၏ နိုင်ငံရေးသဘောထားကြီးစွာ ပူးပေါင်းနိုင်ခဲ့မှုဟာ စံပြုရမည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းဖြစ်ကြောင်း NUG သဝဏ်လွှာ ပေးပို့

ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းနိုင်ခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ပခုက္ကူနှင့် ကမ္မအစပ်က ကမ္မ-မြစ်ခြေ ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁ဝ ယောက်ခန့် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်မှာ ရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် နီးပါး သေဆုံးနိုင်ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါင်းတည်၊ ပန်းသင်းရွာက ပျူစောထီးကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ ပန်းသင်းရွာမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ပျုစောထီးဖြစ်သူ အေးမင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)၊ ကွပ်ကဲမှု အောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၂) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီတွေ ရာနှုန်းပြည့်ရောက်ဖို့ လုပ်ဆောင်မည်ဟု NUG အသိပေး

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီရာနှုန်းပြည့် ရောက်ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NUG ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။