ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့၊ မော်ချီးဒေသက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၂ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံရဲ့ အဆောင်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်က ဆေးရုံ၊ ဆေးခန်းတွေကို ဦးတည်ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) အရ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဝေဖန်ရှုတ်ချထားပါတယ်။

(ဓာတ်ပုံ CJ)
(ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

KIA ၊ AA ၊ BPLA နဲ့ KPDF တို့ တက်ရောက်ခဲ့တဲ့ ABSDF အမှတ် ၂ စစ်ကြောင်းရဲ့ ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနှင့် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ ABSDF အမှတ် - ၂ စစ်ကြောင်းမှာ (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနဲ့ အမှတ်စဉ် (၂/၂၀၂၅) အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက်က ကျောင်းသားတပ်မတော် အမှတ် ၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ဒေသခံ အများအပြားဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရင်း စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
Read More

ရန်ကုန်မှာ မြို့ပြတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက် စစ်ကောင်စီ ဖမ်းဆီးမှုတွေ ပိုများလာ

ရန်ကုန်မှာ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းမိကြောင်း အကြမ်းဖက်စစ်ကောင်စီက ဒီရက်ပိုင်း ထုတ်ပြန်ကြေညာမှုတွေ လုပ်ဆောင်လာနေသလို စစ်တပ်လော်ဘီချန်နယ်တွေမှာလည်း ဒီသတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုတွေ လုပ်ဆောင်လာနေပါတယ်။
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။