မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ပြန်လည်ဆုတ်ခွာသွားချိန် စစ်ရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်က ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က အင်အားစုဖွဲ့မှု ပြုလုပ်ပြီး အင်အား ၁၅၀ ဝန်းကျင်နဲ့ အုတ်ဖို၊ သနပ်ဝ၊ မကျီးစု၊ ဖလံကျင်း၊ လေးအိမ်စု ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၉ ရက်မှာတော့ အကြမ်းဖက်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ဖို့ မင်းဘူးခရိုင် တပ်ရင်း ၇  ရဲဘော်တွေက စစ်ကြောင်းတလျှောက်ရှိ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကို တိုက်ဖျက်ကာ သန်းခေါင်စာရင်းကောက်ပေးသူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ လောင်းလုံး ပကဖ သတိပေး

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ ထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်နေသလို သူတို့လက်အောက်ခံ Non CDM ဝန်ထမ်းတွေ၊ ရဲတွေ၊ ပျူစောထီးတွေကို အသုံးချပြီး သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လုပ်ဆောင်နေပါတယ်။
Read More

နယ်မြေအငြင်းပွားမှုကြောင့် ဘုရားသုံးဆူမှာ DKBA နဲ့ NMSP တို့ အခြေအနေ တင်းမာနေ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာထိပ်အနီးမှာ နယ်မြေအငြင်းပွားမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြား နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးကို ပြန်တိုက်မည့် အလင်းဝင် တပ်သားများ သင်တန်းဆင်းပွဲ

အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်မယ့်၊ စစ်ကောင်စီထံကနေ အလင်းဝင်လာတဲ့ တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပတ်စဥ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး PNLA ဆီ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ယောက်က စစ်ကောင်စီတပ် နှိပ်စက်တာကို မခံနိုင်တော့တာကြောင့် ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။
Read More

NUG ၏ လမ်းညွှန်မှုနှင့်အတူ ကနီ ပအဖ တာဝန်ရှိသူများကို ငွေအလွဲသုံးစားလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။