စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ်လ ၁၄ ရက် မနက် ၄ နာရီခွဲကျော်လောက်မှာ မြင်းမူမြို့နယ်ရှိ ဂိတ်စခန်းတစ်ခုကို ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၂ ယောက် ပွဲချင်းပြီးဆုံးသွားပြီး နောက်တစ်ယောက်ကတော့ စခန်းရောက်ခါနီးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“သူတို့ရဲ့ အထိုင်စခန်းကို ကင်းပုန်းဝပ်တဲ့နေရာကို ကျနော်တို့ တိုက်ခိုက်တာ၊ ရန်သူလာတာ ၅ ယောက်။ ပစ်ကွင်းထဲကို ရောက်လာတာ ၄ ယောက်၊ ကျနော်တို့ စတင်ပစ်ခတ်တော့ စစ်‌ေ-ွး ၂ ကောင် နေရာတင် ပွဲချင်းပြီး သေပြီးတော့ ကျန်တစ်ကောင်က သူတို့စခန်းထဲ ရောက်ခါနီးကျမှ ဒဏ်ရာအပြင်းအထန်ရပြီးတော့မှ သေသွားတယ်လို့ သတင်းရတယ်” လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေဆီက လက်နက် ၃ လက် ရရှိခဲ့ပြီး ပစ်ခတ်မှုပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေက ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဗိုလ်တိုက်ဂါးကပဲ “လောလောဆယ် သူတို့ဘက်ကလည်း ဆားတောင်ဘက်ကို စစ်ကြောင်းထိုးနေရတဲ့အတွက် စကစ အင်အားတိုးနိုင်ခြင်း မရှိဘူး။ သူတို့စစ်ကြောင်းထိုးဖို့လည်း အရိပ်အယောင်တောင် မမြင်သေးဘူး။ အရင်တုန်းကထက် အင်အားက ပိုပြီးလျော့သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆားတောင်ဘက်ကို စစ်ကြောင်းထိုးရောက်နေတယ်… သူတို့ စစ်ကြောင်းမှူးက” လို့ ဆက်ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် စစ်ဌာနကွပ်ကဲရေးမှူးရဲ့ ကွပ်ကဲမှုနဲ့အတူ T.G.R တပ်ဖွဲ့၊ 11 Brother တပ်ဖွဲ့၊ ရေနဂါးပြည်သူ့ကာကွယ်တပ်ဖွဲ့၊ Black Eagle တပ်ဖွဲ့၊ Black Brothers တပ်ဖွဲ့၊ Hero တပ်ဖွဲ့နဲ့ ဒီမိုပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ T.G.R)

0 Shares:
You May Also Like
Read More

ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးကာ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ်က မင်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်း ပျူစောထီးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့အတူ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ရက်မှာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

နတ်အိမ်တောင်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ၄ ဦး သေပြီး လက်နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း - မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ( ၃၃ ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာ ဒရုန်းအထူးစစ်ဆင်ရေးအတွင်း ဗိုလ်မှူး ၂ ယောက်အပါ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့ကြောင်း NUG တရားဝင်ထုတ်ပြန်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ပစ်မှတ် (၇) ခုကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ဗိုလ်မှူး ၂ ယောက်အပါအဝင် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။