တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၇ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၅ ရက် မနေ့က ညနေပိုင်းမှာ အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကော့လှိုင်ကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၂ နာရီနီးပါး ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်က စစ်သား ၁၇ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“တိုက်ပွဲက တော်တော်လေး ပြင်းထန်နေတယ်… စစ်ရေးအရလည်း တင်းမာနေဆဲဖြစ်ပါတယ်။ တိုက်ပွဲမှာ ရန်သူဘက်ကနေ မနေ့ နေ့လည်ကတည်းက လက်နက်ကြီးရော လက်နက်ငယ်နဲ့ပါ အဲဒီပတ်ဝန်းကျင်ကို ပစ်ခတ်ပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်။ အဲဒီနောက် ညနေ ၄ နာရီဝန်းကျင်မှာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်တယ်” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ရေးဘီလူးတပ်ရင်း၊ ရာမညမွန်တပ်‌‌တော် (R.M.A)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နဲ့ ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်း (KTLA) တို့ အတူတကွ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရေဖြူဒေသမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်ကတည်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း စစ်ရေးအခြေအနေတွေက တင်းမာနေတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
0 Shares:
You May Also Like
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြန်မာ့တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်ဖြစ်အောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေး ပြောကြား

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။
Read More

ပဲခူးတိုင်းမှာ ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ပြည်သူတွေကို PDF က ရွှေ့ပြောင်းရာမှာ ကူညီပေး

ပဲခူးတိုင်း (အရှေ့ခြမ်း)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ 3702 (PDF) တပ်ရင်း စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရာချထားပေးတာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီး ခိုက်ရန်ဖြစ်ပွားတာ၊ ကခုန်ပျော်ပါးတာတွေမလုပ်ဖို့ ကော့သောင်းပကဖ သတိပေး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြည်သူတွေကိို စာနာကြောင်းပြသတဲ့အနေနဲ့ သင်္ကြန်ကာလ မူးယစ်သောက်စားတာတွေနဲ့ အသံချဲ့စက်ဖွင့် ကခုန်ပျော်ပါးတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေမလုပ်ဆောင်ကြဖို့ ကော့သောင်းပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့အရေးမှာ ဒေသတွင်းနိုင်ငံတွေ ပိုမိုပါဝင်လာမှု ရှိနေကြောင်း NUG ယာယီသမ္မတ သတိပေး

မြန်မာ့အရေးမှာ  ဒေသတွင်းနိုင်ငံတွေရဲ့ ဝင်ရောက်ပါဝင်လာမှုဟာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ရေမလုံလောက်မှုကြောင့် အိုးဘိုထောင်က အကျဉ်းကျခံထားရသူများ အရေပြားရောဂါ ဆိုးဝါးစွာခံစားနေရ

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရေလုံလောက်မှု မရှိတာကြောင့် ထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေဟာ ယားနာဖြစ်ပွားပြီး အရေပြားရေးဂါကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။