တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအ ပြားသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၅ ရက် မနေ့ညနေပိုင်းက အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ နာရီဝန်းကျင်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးကာ ၇ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ရေးဘီလူးတပ်ရင်း၊ ရာမညမွန်တပ်‌‌တော် (R.M.A)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့က လုပ်ဆောင်ခဲ့တာဖြစ် ပြီး ရဲဘော် ၅ ဘောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video-Mon State Revolutionary Force – MSRF
0 Shares:
You May Also Like
Read More

ဖြူးမြို့နယ် အုတ်ဖြတ်လမ်းပေါ် တိုက်ပွဲဖြစ်ပွား၊စစ်သား ၇ သေပြီး ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်ရှိ တာကျိုးလမ်းဆုံမှာ မတ်လ ၁၀ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာဠာဝကစစ်ကြောင်းထံက သိရပါတယ်။
Read More

ချောင်းဦးမြို့အဝင် အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျဆုံးတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်ထက်မနည်းသေကာ ပြည်သူ့ရဲ‌ဘော် ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို စက်တင်ဘာ ၂၃ ရက်က တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင် ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်း လင်းယောခင်ရွာမှာ ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၅ ယောက် သေ (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဂိတ်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆောင်နန်းခဲကျေးရွာရှိ စစ်တပ်လက်အောက်ခံ PNA တပ်သားများကို ဗုံးသီးကြဲချ၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဇွန်လ ၂၈ ရက်မှာ Pekhon Sky Predators Drone Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ Yae Nagar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။