ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ မွေးနေ့ပါတီအတွက် စုဝေးနေကြတဲ့ မြန်မာနိုင်ငံသား ၄၁ ဦးကို မူးယစ်ဆေးသုံးပြီးအခြေအနေနဲ့ တွေ့ရှိရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက် Wang Thonglang ရဲတပ်ဖွဲ့က ဩဂုတ်လ ၁၅ ရက် သောကြာနေ့ညမှာ Srivara လမ်း၊ Town in Town ဟိုတယ်ဘေးလမ်းကြားက အမည်မဲ့ဘားတခုကို ဝင်ရောက်စီးနင်းခဲ့တာပါ။ အဆိုပါဘားကို လုပ်ငန်းသုံး တစ်ထပ်အဆောက်အအုံမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ကာရာအိုကေခန်း သုံးခန်းပါရှိတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာ မြန်မာနိုင်ငံသား ၆၀ ကျော် အဲဒီနေရာမှာရှိနေပြီး ၎င်းတို့ထဲက ၄၁ ဦးမှာ မူးယစ်ဆေးစစ်ချက် အပေါင်းလက္ခဏာ ထွက်ခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ စစ်ဆေးမေးမြန်းချိန်မှာတော့ ၎င်းတို့အဖွဲ့ဟာ သီးသန့်မွေးနေ့ပါတီအတွက် စုဝေးခဲ့ကြကြောင်း ပြောဆိုကြပါတယ်။

ဒါ့အပြင် ရှာဖွေမှုများအတွင်း Vape အရည်တောင့်တွေနဲ့ အခြားသော တရားမဝင်ပစ္စည်းများကိုလည်း တွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

အဆိုပါ ဘားဆိုင်ကို လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတာဖြစ်ပြီး အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသားက ပိုင်ဆိုင်တာဖြစ်ကြောင်း ရဲတွေက ဆိုကြပါတယ်။ လက်ရှိမှာတော့ အဆိုပါ သံသယရှိသူအားလုံးကို Wang Thonglang ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
News- BangkokPost

0 Shares:
You May Also Like
Read More

သက်ဆင်ကို အာဆီယံအလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်ကြောင်း မလေးဝန်ကြီးချုပ်ကြေညာ

မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

Kick ပလက်ဖောင်းပေါ် တက်လာသည့် စစ်အုပ်စု ဝါဒဖြန့်ချန်နယ်များ ၂၄ နာရီ မပြည့််မီ အရေးယူဖြုတ်ချခံရ

ဩစတြေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Kick နည်းပညာ ကုမ္ပဏီဟာ  မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့်ချန်နယ်တွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ စတင်ထုတ်လွှင့်ပြီး ၂၄ နာရီ မပြည့်ခင်အချိန်မှာပဲ အမြန်ဆုံး ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။
Read More

ရုရှားမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ထရမ့် တိုးမြှင့်

ရုရှားနိုင်ငံကနေ ရေနံတင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

မြန်မာ့အရေး ဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘူးလို့ အာဆီယံသဘောတူ

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘဲ၊ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကတိကဝတ်တွေကို လိုက်နာဖို့ တိုက်တွန်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ပြောပါတယ်။