မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်မှာ ပေါက်နယ်နဲ့ မြိုင်နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တောရဘုန်းကြီးကျောင်းတိုက်အတွင်းရှိ သိမ်ကျောင်းနဲ့ ဓမ္မာရုံတို့ ပျက်စီးသွားကာ၊ ကျောင်းအုတ်တံတိုင်းလည်း ပြိုပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် သြဂုတ် ၁၂ ရက်ကလည်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်ရှိ တောရဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီး ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Video-TYK ပြောက်ကြားတပ်ဖွဲ့
0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် ကျောက္ကာရွှေဂူနီဘုရားတွင် အထိုင်ချထားသည့် စစ်တပ်ထံ ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာ‌ရွှေဂူနီဘုရားမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားတွေထံ ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာက သတင်းထုတ်ပြန်ပါတယ်။
Read More

ပုသိမ်မြို့နယ် ဘူတာစျေး စားသောက်ဆိုင်တန်း မီးလောင်မှု (ရုပ်/သံ)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက် ဝဏ္ဏသိဂီလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း အကြမ်းဖက်ဖစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ngazun မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်း (၂) အရာရှိများက တပ်ခွဲမှူး၊ ရဲဘော်​များနှင့် တွေ့ဆုံဆွေးနွေးကာ လက်နက်၊ ဝတ်စုံများ ထောက်ပံ့ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) အရာရှိတွေဟာ တပ်ရင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေ၊ ရဲဘော်တွေနဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လက် နက်၊ ဝတ်စုံ ထောက်ပံ့ခြင်းအခမ်းအနားလည်း ပါဝင်ခဲ့တယ်လို့ KNDF တပ်ရင်း (၂) က မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရဲကား ၁ စီး၊ အိမ်စီးကား ၂ စီးနဲ့ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အလစ်အငိုက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ယောက်သေ (ရုပ်/သံ)

ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၁၉ မှာ မတ်လ ၁၉ ရက် မနေ့နံနက်ပိုင်းက ရဲကား ၁စီး၊ အိမ် စီးကား ၂ စီးနဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အလစ်အငိုက်တိုက်ခိုက် ခဲ့ရာ ၅ ဘောက်သေခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီဟာ ရှမ်းမြောက်က ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။