မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဖြစ်တဲ့ Royal Peacock Defence Force တပ်ဖွဲ့ဆီ လာရောက်တည်းခိုနေထိုင်တဲ့ တော်လှန်ရေးရဲဘော် ၁ ယောက်က လက်နက်ခဲယမ်းတွေ ခိုးယူထွက်ပြေးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်က Royal Peacock Defence Force တပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ Royal Peacock Defence Forceတပ်ဖွဲ့က ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံကို သွားရောက် ပို့ဆောင်နေချိန်မှာ ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီးဟာ စခန်းထဲက လက်နက်တွေ ယူပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

” ကျတော်တို့အဖွဲ့ဆီလာပြီး နေထိုင်တည်းခိုခွင့်တောင်းလို့ တည်းခိုခွင့်ပေးတာပါ ၊ လာတည်းတာက ၃ လလောက်ရှိပီဗျ ၊ ၃ ရက်နေ့က တပ်မ ၁၀၁ ကစစ်ကြောင်းနဲ့ထိတွေ့ ဖြစ်တာ၊ ၁၀ နာရီလောက်ကျ ရဲဘော်ထိတော့ ဆေးရုံပို့ဖို့ ရှေ့တန်းထိ ဒဏ်ရာရတဲ့ရဲဘော်ကို သွားခေါ်ပြီး ဆေးရုံပို့တဲ့အချိန်မှာ ခိုးပြေးသွားတာပါ ” လို့ Royal Peacock Defence Force တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ရဲဘော်ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီးဟာ စခန်းထဲကနေ Type 81 သေနတ်တစ်လက် ၊ ကျည်ဘောက်သုံးဘောက် ၊ ကျည် 100 ၊ အိုင်ကွန် တစ်လုံးကို ခိုးယူပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
လက်နက်ခိုးယူထွက်ပြေးသွားသူဟာ အရင်က မကွေးခရိုင် PDF တပ်ရင်း ၂ မှာ တာ၀န်ထမ်းဆောင်ခဲ့ပြီး အဲ့ကနေတစ်ဆင့် ပေါက်တောင်ပိုင်းပကဖ အဖွဲ့ကို ပြန်လည်ဝင်ရောက်ခဲ့ရာ အဆိုပါတပ်ဖွဲ့မှာ ပြဿနာဖြစ်ပြီးနောက် အဖွဲ့ကနေ ထွက်လာခဲ့တယ်လို့ သိရပါတယ်။
“ပြဿနာဖြစ်လာတော့ တစ်နယ်သား ရဲဘော် နေစရာမရှိဘူးဆိုပြီး တည်းခိုခွင့်ပေးထားတာ ၊ တော်လှန်ရေးရဲဘော်အချင်းချင်း ကူညီပေးခဲ့တာပါ ၊ သူက မန္တလေး စက်မှု ၂ ဇာတိပါ” လို့ အထက်ပါ တာဝန်ရှ်ိသူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ရဲဘော် ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီး ကို စုံစမ်းရှာဖွေမှုတွေ ပြုလုပ်နေပြီး နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့တွေဆီကိုလည်း အချက်အလက်တွေပေးပို့ထားတယ်လို့ သိရပါတယ်။
ပုံစာ – Royal Peacock Defence Force တပ်ဖွဲ့ကနေ လက်နက်ကျည်များခိုးယူသွားတဲ့ ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီး
0 Shares:
You May Also Like
Read More

မယ်ဇလီ-ဆည်တော် ကြိုးတံတားက ဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ယောက် သေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက မယ်ဇလီ-ဆည်တော် ကြိုးတံတားက စစ်ကောင်စီဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေး ကြုံတွေ့နေရစဉ် လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ NUCC တောင်းဆို

နိုင်ငံတစ်ဝန်း ငလျင်ဘေးနဲ့ ကြုံတွေ့နေရစဉ် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာကနေ လက်တွေ့ အရေးယူဆောင်ရွက်ပေးဖို့  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

ဖားကန့်မှာ အရပ်ဖက်တော်လှန်ရေးအင်အားစု ‌(၄) ဖွဲ့ စုပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးရန် ဆန္ဒပြ

ကချင််ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို အရပ်ဘက် တော်လှန်ရေးအင်အားစု (၄)ဖွဲ့ စုပေါင်းပြီး ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အလံဖြူထောင်ရင် အသက်အာမခံတယ်ဆိုတဲ့ AA လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ လက်နက်ချ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်

AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း နပခ စစ်ဌာနချုပ်မှာ လက်နက်ချလာတဲ့ စစ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေ AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဦးပိုင်းမှာ AA က ထုတ်ပြန်လာပါတယ်။
Read More

အောက်တိုဘာလအတွင်း စည်းမျဥ်းဖောက်ဖျက်တဲ့ PDF နဲ့ ပကဖ (၆) ယောက်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေရာမှာ အောက်တိုဘာလအတွင်း PDF နဲ့ ပကဖ ရဲဘော် စုစုပေါင်း (၆) ယောက်ကို ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။