ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသလက်အောက်ရှိ Justice Soldier PDF ရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ နည်းပညာ အင်အားဖြည့်တင်းဖို့အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူနေတယ်လို့ သိရပါတယ်။

Justice Soldier PDF ရဲ့ ဒရုန်းတပ်ဖွဲ့အတွက် သင်တန်းသားအဖြစ် လျှောက်ထားလိုသူတွေအနေနဲ့ အသက် (၁၈) နှစ်ကနေ (၄၀) နှစ်အတွင်း ဖြစ်ရမှာဖြစ်ပြီး ပညာအရည်အချင်း (၈)တန်းနဲ့အထက် ရှိဖို့လိုသလို Computer Programming နဲ့ IT စိတ်ဝင်စားသူတွေကို ဦးစားပေးခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်သင်တန်းတက်ဖို့ လုံလောက်တဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ လိုအပ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် သံဓိဋ္ဌာန်ချထားရမှာဖြစ်သလို တော်လှန်ရေးပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ Justice Soldier PDF က ဆိုပါတယ်။

သင်တန်းတက်ရောက်မယ့်သူတွေအနေနဲ့ အထက်တာဝန်ရှိသူက ပေးအပ်တဲ့ တာဝန်နဲ့အမိန့်ကို တိကျသေချာစွာ လိုက်နာနိုင်ရမှာဖြစ်ပြီး ရာဇဝတ်မှု ကင်းရှင်းကာ နည်းပညာကို စိတ်ပါ၀င်စားပြီးတော်လှန်ရေးအပေါ်သစ္စာရှိသူဖြစ်ရမယ်လို့ ဆိုပါတယ်။

အဆိုပါအချက်အလက်တွေနဲ့ ကိုက်ညီတဲ့သူတွေဟာ Justice Soldier PDF ရဲ့ ဒရုန်းတပ်ဖွဲ့အတွက် သင်တန်းသားတွေအဖြစ် လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်လှုပ်ချိန် စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ဝန်ခံ

နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် ၆၃ မြို့နယ်အား ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတ ခန့်အပ်ထားသည့် မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကြေညာ

စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုကမြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကြောင်း ယာယီသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားတဲ့ မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာတွင် ကျေးရွာ ၂ ရွာ မီးရှို့လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး မျက်မြင်သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။