ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်ရုံး ဗုံးခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်အပြီး စစ်အုပ်စုက အရပ်သား လူငယ် ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးထားသလို စစ်သားနဲ့ ပျူစောထီးတွေရဲ့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကိုလည်း ဖုံးဖိထားကြောင်း မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၁၄ ရက် ညပိုင်းက တရားမဝင် ရွေးကောက်ပွဲ လုပ်ဖို့ အစည်းအဝေးထိုင်နေတဲ့ စစ်အုပ်စုလက်ပါးစေတွေရှိရာ လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်ရုံးကို မြို့ပြကြွက်ကွန်ယက်နဲ့ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ပြင်းအားမြင့်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ရုံးအပြင်ဘက် လုံခြုံရေးယူထားတဲ့ စစ်သား ၁ ယောက်နဲ့ ပျူစောထီး ၂ ယောက် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး အရေးပေါ်ကုသနေရကြောင်း မြို့ပြကြွက်ကွန်ယက်တာဝန်ရှိသူက ပြောပါတယ်။

” အထဲမှာအုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေရှိနေပြီး အပြင်ဘက်မှာတော့ စစ်ခ နဲ့ ရခ ၄ ကောင်ပဲရှိတယ်။ လက်လုပ်ချိန်ကိုက်မိုင်း ၂ လုံးနဲ့ ဗုံးသီးအစစ် ၂ လုံးဆိုတော့ ပြင်းအားကတော့ မြင့်ပါတယ်။ စစ်သားနဲ့ပျူစောထီးတွေ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြတယ်လို့တော့ ပြောတယ်။ သေမသေကတော့ အတည်မပြုနိုင်သေးပါဘူး။ ” လို့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုအပြီး​စစ်အုပ်စုဘက်က သေနတ်သံ ၃ချက်ပစ်​​ဖောက်ခဲ့သလို ရပ်ကွက်အတွင်း မူးရူးဆဲဆိုတာတွေလည်း လုပ်ဆောင်ခဲ့​ကြောင်း မြို့ပြကြွက်ကွန်ယက်တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်အတွင်းက အသက်မပြည့်သေးတဲ့ လူငယ် ၂ ယောက်ကိုပါ အကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

” အခုကလေးနှစ်ယောက်ကို PDF ဆိုပြီး ဖမ်းထားပါတယ်။ အဲ့ကလေးတွေကို ရုံးထဲမှာပဲစစ်ကြောရေးလုပ်နေတယ်ပေါ့။ နောက်ပြီး အဲ့ညက သူတို့လူတွေ ထိတဲ့ကိစ္စကို အပြင်ကိုသတင်းမပြန့်စေနဲ့ ဆိုပြီး ရုံးကဝန်ထမ်းမိသားစုတွေကို ဖိအားပေးခြိမ်းခြောက်ထားပါတယ်။” လို့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မြို့ပြကြွက်ကွန်ယက်ကတော့ အကြမ်းဖက်စစ်ကော်မရှင်လုပ်ဆောင်မယ့် တရားမဝင် ရွေးကောက်ပွဲကို မပူးပေါင်းဖို့နဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် အားပေးကူညီတဲ့ ပျူ၊ ဒလံ နဲ့ အုပ်ချုပ်ရေးမှူးဆိုသူတွေအနေနဲ့ လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ သတိ​ပေးထားပြီး မလိုက်နာရင် ချေမှုန်းသုတ်သင်ခံရမယ်လို့ ဆိုပါတယ်။
0 Shares:
You May Also Like
Read More

BNRA ရဲဘော် ဗျတ္တ မိုင်းနင်းမိပြီး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ် ထောင်ထားတဲ့မိုင်းကို နင်းမိပြီး BNRA တပ်ဖွဲ့ဝင် ရဲဘော် ဗျတ္တ ကျဆုံးခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံက သိရပါတယ်။
Read More

နောင်ချိုတွင် ခြံရှင်းနေသည့် အမျိုးသား ကြိုးမိုင်းထိပြီး ဒဏ်ရာရ၊ ၂ ကြိမ် ခွဲစိတ်ပြီးနောက် ထပ်မံခွဲစိတ်ရန် လိုအပ်ကာ ငွေကြေးခက်ခဲနေဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာမှာ ဒေသခံ အမျိုးသားတစ်ယောက် ကြိုးမိုင်းထိမိပြီး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်းနှင့်အဖွဲ့ ထပ်မံဆန္ဒပြ

စစ်ကောင်စီက လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး "ဘူး" သပိတ်လှုပ်ရှားမှု အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းအနေနဲ့ တိုက်ပွဲများ နီးကပ်လာပြီး လုံခြုံရေးအထူးတင်းကျပ်နေတဲ့ မန္တလေးမြို့မှာ ယခုရက်ပိုင်းအတွင်း အခုလိုထပ်မံ ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

“တရားဝင် လူသတ်လိုင်စင်” ပေးသည့် စစ်တပ်ရွေးကောက်ပွဲ အားပေးအားမြောက်သူများကို အရေးယူမည်ဟု KNU တပ်မဟာ ၃ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးကူညီသူတွေဟာ စစ်တပ်ကို “တရားဝင် လူသတ်လိုင်စင်” ပေးသူတွေဖြစ်တယ်လို့ KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) က ဒီနေ့ စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။