မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးက စစ်အုပ်စု တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၂၀ ခန့်နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ (၁၄) ရက် မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ (၉၉) လက်အောက်ခံတပ်တွေက စွန်တက်ကျေးရွာမြောက်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့တဲ့ အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း (၂၀) ခန့်နဲ့အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဆိုပါတယ်။

အထိနာပြီး ကစဉ့်ကလျား ဆုတ်ခွါထွက်ပြေးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော်က လိုက်လံချေမှုန်း တိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မျှော်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက်တွေ အလုံးစုံ အထမြောက်စေဖို့အတွက် ရန်သူနဲ့ ရင်ဆိုင်ထားတဲ့နေရာတွေအပြင် အပြီးသတ်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ နေရာတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်က အကြမ်းဖက်စစ်တပ် ထိုးစစ်တွေကို ခုခံဆင်နွှဲနေတဲ့ နေရာတွေဖြစ်တဲ့ ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်တွေနဲ့ အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားနေရာတွေမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်တွေကို ဟန်ချက်ညီညီ အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) - Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေးဝင်စွက်ဖက်နေတဲ့ တရုတ်ကို မြန်မာပြည်သူတွေ ဆိုးလ်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ…

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ထိမှန်ကာ ဆေးရုံရောက်ခါနီးမှ ကျဆုံးခဲ့သည့် ရဲဘော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ဟားခါးမှာ စစ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်သား ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သား ၂ ယောက်နဲ့ ရဲ ၁ ယောက် အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပတ္တမြားမြေရောက် အမရပူရ ရဲဘော်များ (ဓာတ်ပုံသတင်း)

တရုတ်ရဲ့ ကြားဝင်မှုကြောင့် မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA လက်လွှတ်ခဲ့ရပြီးနောက် MDY PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကို မိုးကုတ်ကို အစွမ်းကုန် ကာကွယ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။