တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ဒဏ်ရာရစစ်သားတွေ သယ်ဆောင်လာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၂ ရက် ညပိုင်းက တနင်္သာရီမြို့ကနေ မြိတ်မြို့ကို သိန်ခွန်းနဲ့ တမုတ်ချုံးရွာတိုက်ပွဲက ဒဏ်ရာရ စစ်သားတွေ တင်ဆောင်လာတဲ့ စစ်ကား ၂ စီးကို ကမ်းတိုရွာအရောက် တနင်္သာရီမြို့နယ် ပကဖ က မိုင်းဆွဲပြီးလက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကား ၁ စီးရဲ့ အနောက်ပိုင်းပျက်စီးသွားပြီး ဆက်မောင်းမရတော့တာကြောင့် အခြားကားတစ်စီးက ဇဝဲ အခြေစိုက် ခမရ (၅၅၆)တပ်ရင်းကို ဆွဲခေါ်သွားရတယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ဆိုပါတယ်။

တနင်္သာရီမြို့နယ် ပကဖ ရဲ့ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုရှိကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရတယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG ၏ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေး သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တဲ့ ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေးသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်က စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း စည်းမျဥ်းဖောက်ဖျက်တဲ့ PDF နဲ့ ပကဖ (၆) ယောက်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေရာမှာ အောက်တိုဘာလအတွင်း PDF နဲ့ ပကဖ ရဲဘော် စုစုပေါင်း (၆) ယောက်ကို ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇွန်လနှင့် ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၀၃) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လနဲ့ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ​ကြောင့် အရပ်သားပြည်သူ (၁၀၃) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရ..

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ လက်မခံသည့် ရွေးကောက်ပွဲအတုအတွက် မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်

အာဏာသိမ်းစစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပဖို့ ကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ ကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။