မန္တလေးတိုင်း၊ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းမြို့နယ်အစပ်မှာ စစ်ကြောင်းဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDA တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၁၅ ယောက် မျက်မြင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၁၄ ရက် နေ့လည်ပိုင်းက ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်း၊ စုတည်ရွာ နဲ့ ရွာသစ်တောင်ကြားဘူတာရုံဟောင်းအနီးမှာ ညောင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့​ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ ထိတွေ့တိုက်ပွဲနာရီဝက်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်သားတွေ ပဲခင်းထဲကဖြတ်လာချိန် အသင့်စောင့်ကြို ပစ်ခတ်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့လည်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက ပြောပါတယ်။

” သူတို့က ပဲခင်းထဲကနေ ကျွန်တော်တို့စောင့်နေတဲ့ဆီကို တည့်တည့်လာကြတာပါ။ ကျွန်တော်တို့က ဘူတာရုံထဲမှာ အသင့်စောင့်နေရတာဆိုတော့ အသာစီးရသွားတာပေါ့။ သူတို့က တောင်ဇင်းရဲစခန်းထဲပြန်တာပါ။” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်​ကလည်း ညောင်ဦးမြို့နယ်၊တောင်ဇင်းရဲစခန်းကနေ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းအစပ်မှာရှိတဲ့ ရွာသစ်တောင်(ပျဥ်းတိုင်း)ရွာဘက်ကို စစ်ကြောင်း ၂ ခုဖြန့်ထိုးလာခဲ့ရာမှာ PDA တပ်သားတွေက လမ်းတစ်နေရာကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ တောင်ဇင်းရဲစခန်းကနေ အင်အားတွေ ထပ်ပြီးဖြည့်တင်းရင်း စစ်ကြောင်းတွေ ပြန်ထိုးနေတာလို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းထဲ ညောင်ဦးအခြေစိုက် ခမရ ၄၁၅ တပ်ကစစ်သားတွေနဲ့ အတူ ပြည်သူ့စစ်နဲ့ စစ်မှုထမ်း(ပစ) တပ်သားတွေ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

” ၁၁ရက်နေ့က ကျနော်တို့နဲ့ ထိတွေ့မှု့ဖြစ်ပြီး သူတို့ ပြင်းဒိုင်းမှာ ညအိပ်တယ်။ နောက်နေ့ကျ ပြန်ဆုတ်ပြီး ၁၃ရက်နေ့ကျ တောင်ဇင်းရဲစခန်းကနေပြန်ဝင်လာတယ်။ ၁၄ရက်နေ့ကျ တောင်ဇင်းကိုပြန်ဆုတ်တယ်ပေါ့။ အဲ့မှာ ကျနော်တို့က လမ်းကနေဖြတ်တိုက်ခဲ့တာပါ။” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းသတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းလုပ်ဆောင်ရာမှာလည်း စစ်ကော်မရှင်တပ်သားတွေဆီက လက်ပစ်ဗုံး ၁လုံး၊ အီနာဂါ ၁ လုံး၊ ၅.၅၆ ကျည် ၁၉ တောင့်နဲ့ ၇.၆၂ ကျည် ၁၆ တောင့်ကို သိမ်းဆည်းရရှိခဲ့​တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်တပ်က စစ်အင်အားပြန်လည်ဖြည့်တင်းကာ ရွာသစ်တောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်နေပြီး အကြမ်းဖက်စစ်ကြောင်းကြောင့် ရွာသစ်တောင်ခေါ် ပျဥ်းတိုင်းရွာအပါအဝင် ကျေးရွာပေါင်း ၇ ရွာက အရပ်သား ၅ ထောင်နီးပါး​ စစ်ဘေး တိမ်းရှောင်​နေရတယ်လို့လည်း သိရပါတယ်။

ပုံစာ – တိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဥ် သိမ်းဆည်းရမိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

ကော့ကရိတ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ လက်နက်တချို့ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကောင်းမှုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
Read More

ဘုတ်ပြင်းမှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ တပ်ရင်းမှူး ဒဏ်ရာပြင်းထန်ပြီး တပ်ကြပ် ၁ ဦး သေကာ ဒဏ်ရာရသူ ၁၉ ဦး ရှိဟု ဆို

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ရာ တပ်ရင်းမှူး ပြင်းထန်ဒဏ်ရာရပြီး တပ်ကြပ် ၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၉ ယောက် ရှိတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၃ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၂) ဦး ခဲယမ်းအချို့နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia - Siyin က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို မြို့နယ် ပကဖ မှ ကူညီထောက်ပံ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်၊ မြိုင်သာယာ၊ ၆ မိုင် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေး တာဝန်ခံက စက်တင်ဘာလ ၁၉ ရက် မနေ့က အိမ်ထောင်စုပေါင်း (၁၁၄)စုအတွက် (၁) စုလျှင် ဆန် (၃) ပြည်၊ ဆီ (၅၀)သား၊ ကြက်သွန်နီ (၅၀)သား သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာမှာ လူသားဆန်မှု ပျောက်ဆုံးနေတာကို ပြသတဲ့ ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ဘုတလင် စီပါရွာဖြစ်စဥ်ဟာ မြန်မာမှာ လူသားဆန်မှုမရှိတော့ဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဓာတ်ပုံကမ်ပိန်းကို People Independend Army (PIA) က ပြုလုပ်ခဲ့ပါတယ်။
Read More

ရေတာရှည်မှာ အမျိုးသမီးရဲဘော်တွေပါတဲ့ RTC စစ်​ကြောင်းနဲ့ စစ်ကောင်စီတပ် ၂ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းမှာ စစ်ကြောင်းဝင်​ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။