စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲဖမ်းဆီးကာ အဓမ္မ စစ်မှုထမ်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သားတွေကို ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Justice Soldier PDF က ထုတ်ပြန်ထားပါတယ်။

သက်ရှိစည်းရိုးလို့ စစ်တပ်က ဝါဒဖြန့် ရိုက်ကူးထားတဲ့ ဥကရစ်ထဗျူဟာစခန်းကုန်းကို KNLA ၊ PDF နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ စစ်သားအများအပြား သေဆုံးကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

Video-Justice Soldier PDF Official
0 Shares:
You May Also Like
Read More

ငုံ့မခံနဲ့ တုံ့ပြန်ကြ၊ ပြည်သူသာ အဓိကဟေ့ … (ဒေါက်တာတေဇာစန်း)

မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ မနေ့က ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့အပါအဝင် လူထုသပိတ်ခေါင်းဆောင်များပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ဆောင်ခဲ့ကြပါတယ်။ အမတန်လူစည်ကားတဲ့ မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါစစ်အာဏာရှင်ဆန့်ကျင်ရေး၊ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်မှာ ဒေါက်တာတေဇာစန်းက
Read More

လက်ပံတန်းတွင် စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၁၉ ဦး သေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် စစ်‌ကော်မရှင်တပ်သား ၁၉ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။ 
Read More

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ -နွားထိုးကြီးလမ်းပိုင်း မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ- နွားထိုးကြီးလမ်းပိုင်းရဲ့ ငလျင်ပြတ်ရွေ့ကြောအခြေအနေကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

ကျောက်ရစ်စခန်း အင်အားဖြည့်ရန်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုကြားဖြတ်တိုက်ခိုက်မှု စစ်သား အများအပြား သေဆုံး (ရုပ်သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်ရစ်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ 𝗠𝘆𝗮𝘂𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗣𝗲𝗼𝗽𝗹𝗲 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်ဗျူဟာ (၇)မိုင်စစ်ဆင်ရေးမှ တပ်ရင်းပြန်လာသည့် ရဲဘော်များကို ပြည်သူလူထု အောင်သပြေနှင့် ကြိုဆို (ရုပ်/သံ)

မိုးကုတ်ဗျူဟာ (၇) မိုင် စစ်ဆင်ရေးမှာ ၄ လတာ တာဝန်ထမ်းဆောင်ပြီး မိခင်တပ်ရင်းထံ ပြန်လာတဲ့ ရဲဘော်တွေကို ဇူလိုင် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ယင်းမာပင်ခရိုင် အမှတ် (၁၆) တပ်ရင်းက ဖော်ပြလာပါတယ်။
Read More

မန္တလေးမြို့ ရှိ ငလျင်ဒဏ်သင့် မြဝတီသီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ငလျင်ဒဏ်သင့် မြဝတီ သီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။