တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်က ကော့လှိုင်ကျေးရွာကို တပ်ရင်း(၄၀၉)၊ (၄၁၀)နဲ့ (၂၀၂)တို့ကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲမှာ သြဂုတ်လ (၁၃) ရက် မနက် (၁၁) နာရီခွဲဝန်းကျင်မှာ တစ်ကြိမ်၊ မွန်းလွှဲ (၃)နာရီဝန်းကျင်မှာ တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲကတော့ ယခုလက်ရှိ အချိန်ထိကို ပြင်းထန်နေဆဲပါပဲ… တိုက်ပွဲကတော့ တစ်နေ့တည်းကို နှစ်ကြိမ်ဖြစ်တယ်ဆိုပေမယ့် တောက်လျှောက်ကြီး စစ်ရေးတင်းမာနေတယ်ဆိုတော့ အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်ပါတယ်” လို့ ရေးပြောက်ကျားတပ်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ့တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲတွင်းမှာ စစ်ကော်မရှင်တပ်က (၁၄) ယောက် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ ရေးပြောက်ကျားတပ်က ရဲဘော် ၃ ယောက်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ရဲဘော် ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို YE GUERRILLA FORCE၊ မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ KNLAတပ်ရင်း(၂၇)၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းKTLA၊ နည်းဗျူဟာ(၃၃) စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း-၃ (KBDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရာမညတပ်တော် (NMSP/AD၊RMA)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရလျှင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်ရန် လက်တွေ့ သင်ကြား ပို့ချ

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ရှေ့တန်းစစ်မြေပြင်ရောက် တောကျီးကန်း (၇) ကောင်တပ်ရင်းက ရဲဘော်တွေ စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရရှိရင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်အောင် လက်တွေ့ သင်ကြားပို့ချခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၈လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင်

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၈လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘားအံလာမည့်အတွက် လုံခြုံရေးတိုးမြင့်ပြီး အစစ်ဆေးတင်းကြပ်နေဟုဆို

ကရင်ပြည်နယ်၊ ဘားအံမြို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်အတွက် လုံခြုံရေးတိုးမြင့်ထားပြီး၊ အစစ်ဆေးလည်းတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဘားအံမြို့နေရာတော်တော်များများမှာ ကင်းချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသလို မြို့ဝင်၊ မြို့ထွက်အားလုံးမှာလည်း စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတယ် ဆိုပါတယ်။
Read More

KIA ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၂ ယောက် ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Read More

Sagaing People Defence Force Battalion 3 က ရဲဘော်များ၏ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် Sagaing People Defence Force Battalion 3 က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ရှင်းလင်းခံရပြီးနောက် စစ်တပ်က လူငယ် ၄ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား

စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။