စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့တယ်လို့ သပြေညိုပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၈ ရက်က မုံရွာမြို့နယ်အတွင်းက ကျောက္ကာရွှေဂူနီဘုရားအရှေ့ရှိ စာသင်ကျောင်းအတွင်း နေရာယူထားတဲ့ စစ်ကော်မရှင်တပ်သား‌တွေနဲ့ တော်လှန်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သိရတာပါ။

မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

ထို့နောက် ကျောက္ကာဘောလုံးကွင်းအနောက်ဘက်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်သား ၄ ယောက် ထပ်မံထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၀ ရက်မှာလည်း စစ်ကော်မရှင်စစ်ကြောင်းနဲ့ ပေါ်တော်မူကျောင်းထဲမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့သလို၊ ရေနံကုန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့လည်း ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့ပြီး၊ စစ်ကော်မရှင်တပ်က လက်နက်ကြီးများ၊ စက်တပ်လေထီးယာဉ်များ အသုံးပြုပြီး တိုက်ခိုက်လာတဲ့အတွက် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုကါတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးခဲ့ပြီး ၁ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ အရာတော်မြို့နယ်တိုက်နယ် (၉၊၁၀၊၁၁) ပကဖမုံရွာမြို့နယ်တိုက်နယ် (၂) နှင့် ဗျူဟာ (၆၆) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ အရာတော်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတာကြောင့်၊ ပြည်သူများအနေနဲ့ အသွားအလာ မပြုလုပ်ကြဖို့ သပြေညိုပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

Video-သပြေညိုပြောက်ကျားတပ်ဖွဲ့
0 Shares:
You May Also Like
Read More

ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီး ပစ်ချခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်တွင် ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ချခဲ့တယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်ကျင်ခန့်က အကြမ်းဖက် စစ်တပ်ရဲ့ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ခတ်ခဲ့ရာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ပျက်ကျမှုကြောင့် ပါရာမော်တာပေါ်ရှိ အကြမ်းဖက် စစ်သားများ သေဆုံးခြင်းရှိမရှိကို မြိုင်ပကဖမှ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
Read More

ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် တိုင်ဖွန်မုန်တိုင်းကြောင့် လူ ၆၀ ကျော်သေဆုံးပြီး အိမ်ခြေ ၄၀၀၀၀ ကျော် ပျက်စီးခဲ့ (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်မုန်တိုင်း Kalaegi ကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၆ ယောက်သေဆုံးကာ အိမ်ခြေ ၄၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
Read More

ဗန်းမော်တွင် ပစ်ချခံရသည့် အကြမ်းဖက်စစ်တပ်၏ Mi17 ရဟတ်ယာဉ်အပျက်အစီးနှင့် ရုပ်အလောင်း ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီနေ့ မေလ ၂၀ ရက်မှာ KIA က ပစ်ချခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့  Mi-17 ရဟတ်ယာဉ်အပျက်အစီးနဲ့ တပ်သားအလောင်းဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအတွက် DMO Local PDF အောက်မေ့ခြင်း အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို DMO Local PDF ရဲဘော်၊ ရဲမေတွေကို နိုဝင်ဘာ ၂ ရက်က သင်္ချိုင်းပွဲ (ကွယ်လွန်သောသူအတွက် အောက်မေ့ဖွယ်ရာနေ့) မှာ ဖယောင်းတိုင်မီးထွန်းခြင်း၊ မိစ္ဆာတောင်းဆိုခြင်းနဲ့ အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။