မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးက စစ်အုပ်စု တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၂၀ ခန့်နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ (၁၄) ရက် မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ (၉၉) လက်အောက်ခံတပ်တွေက စွန်တက်ကျေးရွာမြောက်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့တဲ့ အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း (၂၀) ခန့်နဲ့အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဆိုပါတယ်။

အထိနာပြီး ကစဉ့်ကလျား ဆုတ်ခွါထွက်ပြေးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော်က လိုက်လံချေမှုန်း တိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မျှော်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက်တွေ အလုံးစုံ အထမြောက်စေဖို့အတွက် ရန်သူနဲ့ ရင်ဆိုင်ထားတဲ့နေရာတွေအပြင် အပြီးသတ်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ နေရာတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်က အကြမ်းဖက်စစ်တပ် ထိုးစစ်တွေကို ခုခံဆင်နွှဲနေတဲ့ နေရာတွေဖြစ်တဲ့ ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်တွေနဲ့ အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားနေရာတွေမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်တွေကို ဟန်ချက်ညီညီ အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ မှ ရဲဘော်များ၏ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ရဲဘော်တွေရဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း နှင့် ရုပ်ရှင်သရုပ်ဆောင်တချို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စည်သူဘွဲ့ပေးအပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူနဲ့သူ့ရဲ့အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်နေသူ ဇော်မင်းထွန်း နဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် တွေ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ယောက်ထက်မနည်း သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဆဲဗင်းဂျူလိုင် (၆၃)နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ကျောင်းသားပေါင်း ရာနဲ့ချီ အသက်ပေးခဲ့ရတဲ့ 7 July (ဆဲဗင်းဂျူလိုင်) (၆၃)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြောင်းမြကျောင်းသား ကိုကျော်ဝင်းရဲ့ သွေးနဲ့ ရေးသားခဲ့တဲ့ "၇.၇.၆၂ကို မမေ့ကြနဲ့" ကြွေးကြော်စာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဓာတ်ပုံကမ်ပိန်းအဖြစ် ပူးပေါင်းပါဝင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ယာယီအပစ်ရပ်သည့်ကာလအတိုင်း ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းမည်ဟု KIO ကြေညာ၊ စစ်တပ်အနေနဲ့ ကိုယ်ကြေညာထားသည့်အတိုင်း လိုက်နာဖို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သတိပေး

အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ယာယီအပစ်ရပ်ကာလ သတ်မှတ်ကြေညာချက်အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ - KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။