မန္တလေးတိုင်း၊ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းမြို့နယ်အစပ်မှာ စစ်ကြောင်းဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDA တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၁၅ ယောက် မျက်မြင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၁၄ ရက် နေ့လည်ပိုင်းက ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်း၊ စုတည်ရွာ နဲ့ ရွာသစ်တောင်ကြားဘူတာရုံဟောင်းအနီးမှာ ညောင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့​ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ ထိတွေ့တိုက်ပွဲနာရီဝက်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်သားတွေ ပဲခင်းထဲကဖြတ်လာချိန် အသင့်စောင့်ကြို ပစ်ခတ်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့လည်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက ပြောပါတယ်။

” သူတို့က ပဲခင်းထဲကနေ ကျွန်တော်တို့စောင့်နေတဲ့ဆီကို တည့်တည့်လာကြတာပါ။ ကျွန်တော်တို့က ဘူတာရုံထဲမှာ အသင့်စောင့်နေရတာဆိုတော့ အသာစီးရသွားတာပေါ့။ သူတို့က တောင်ဇင်းရဲစခန်းထဲပြန်တာပါ။” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်​ကလည်း ညောင်ဦးမြို့နယ်၊တောင်ဇင်းရဲစခန်းကနေ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းအစပ်မှာရှိတဲ့ ရွာသစ်တောင်(ပျဥ်းတိုင်း)ရွာဘက်ကို စစ်ကြောင်း ၂ ခုဖြန့်ထိုးလာခဲ့ရာမှာ PDA တပ်သားတွေက လမ်းတစ်နေရာကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ တောင်ဇင်းရဲစခန်းကနေ အင်အားတွေ ထပ်ပြီးဖြည့်တင်းရင်း စစ်ကြောင်းတွေ ပြန်ထိုးနေတာလို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းထဲ ညောင်ဦးအခြေစိုက် ခမရ ၄၁၅ တပ်ကစစ်သားတွေနဲ့ အတူ ပြည်သူ့စစ်နဲ့ စစ်မှုထမ်း(ပစ) တပ်သားတွေ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

” ၁၁ရက်နေ့က ကျနော်တို့နဲ့ ထိတွေ့မှု့ဖြစ်ပြီး သူတို့ ပြင်းဒိုင်းမှာ ညအိပ်တယ်။ နောက်နေ့ကျ ပြန်ဆုတ်ပြီး ၁၃ရက်နေ့ကျ တောင်ဇင်းရဲစခန်းကနေပြန်ဝင်လာတယ်။ ၁၄ရက်နေ့ကျ တောင်ဇင်းကိုပြန်ဆုတ်တယ်ပေါ့။ အဲ့မှာ ကျနော်တို့က လမ်းကနေဖြတ်တိုက်ခဲ့တာပါ။” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းသတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းလုပ်ဆောင်ရာမှာလည်း စစ်ကော်မရှင်တပ်သားတွေဆီက လက်ပစ်ဗုံး ၁လုံး၊ အီနာဂါ ၁ လုံး၊ ၅.၅၆ ကျည် ၁၉ တောင့်နဲ့ ၇.၆၂ ကျည် ၁၆ တောင့်ကို သိမ်းဆည်းရရှိခဲ့​တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်တပ်က စစ်အင်အားပြန်လည်ဖြည့်တင်းကာ ရွာသစ်တောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်နေပြီး အကြမ်းဖက်စစ်ကြောင်းကြောင့် ရွာသစ်တောင်ခေါ် ပျဥ်းတိုင်းရွာအပါအဝင် ကျေးရွာပေါင်း ၇ ရွာက အရပ်သား ၅ ထောင်နီးပါး​ စစ်ဘေး တိမ်းရှောင်​နေရတယ်လို့လည်း သိရပါတယ်။

ပုံစာ – တိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဥ် သိမ်းဆည်းရမိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

တစ်နိုင်ငံလုံးကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီက လမ်းတံတားနဲ့ အဆောက်အဦတွေ ပျက်စီးရတာ တော်လှန်ရေးအင်အားစုတွေကြောင့် လို့ ပြော

တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်းက လမ်းတံတား၊ အဆောက်အဦတွေကို ဆင်ခြင်တုံတရားမဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA ရဲ့ နှစ် ၃၀ ပြည့် တပ်မတော်နေ့အခမ်းအနား…

ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA ရဲ့ ဌာနချုပ်မှာ နှစ် ၃၀ ပြည့်တပ်မတော်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တောင်သာနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ရက်ဆ​က် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ​၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၈ ဦး ထက်မနည်းသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်မှာရှိတဲ့ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။