စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းရှိ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People’s Healthcare Network-Kalay အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ (၁၁)ရက်၊ ည (၈)နာရီ (၂၁)မိနစ်မှာ ကလေးမြို့နယ်မြောက်ပိုင်းရှိ “People’s Healthcare Network (Kalay)” ရဲ့ “Station Hospital – Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ) – PHN (Kalay)”ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“PHN (Kalay)” ရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆေးရုံဆေးခန်းနေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အခုအကြိမ်နဲ့ဆိုရင် (၇)ကြိမ် မြောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးတဲ့ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့လုပ်ရပ်တွေကို “PHN (Kalay)”က အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် “PHN (Kalay)” အနေနဲ့ နွေဦးတော်လှန်ရေးအဆုံးသတ်တိုက်ပွဲ အောင်မြင်ပြီးမြောက်တဲ့အထိ ပြည်သူလူထုနဲ့အတူ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းပေးမှုကြောင့် စစ်ကောင်စီ ဝါဒဖြန့်ချိရေး MRTV ဝန်ထမ်း အဖမ်းခံရ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က ဝန်ထမ်း မနှင်းယဉ်ဖြူကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းပေးတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေကတစ်ဆင့် သိရပါတယ်။
Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်လအတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ် နီးပါးအထိ ကျဆင်း

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။
Read More

ဟန်ပြအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုတွင် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ ကာကွယ်ရေးနှင့် တော်လှန်ရေးအတွက် တပ်ဖွဲ့နှင့် ကင်းကွာနေသည့် ရဲဘော်များ ပြန်လည်လက်တွဲရန် မိုးကုတ်ဗျူဟာ ဖိတ်ခေါ်

မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ ကင်းကွာနေခဲ့တဲ့ ရဲဘော်တွေအားလုံးကို ပြန်လည်ဖိတ်ခေါ်ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်လာပါတယ်။
Read More

ရေဘေးသင့် ပြည်သူတွေကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက သွားရောက်ကူညီထောက်ပံ့ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း - 3702 (PDF) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေ ၊ ရေဘေးရှောင်နေကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို အားပေးစကားပြောကြားခြင်း ၊ အခြေခံစားသောက်ကုန်တွေ သွားရောက်ကူညီပေးခြင်းတွေကို တပ်ရင်း တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေက ကွင်းဆင်းကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။