ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကူအညီတွေဖြတ်တောက်မှု လုပ်ဆောင်ချက်အပြီးမှာ မြန်မာပြည်ရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်လာတာကိုတွေ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၂ ရက်မှာ ပြောပါတယ်။

ဒေသခံ လူမျိုးစုတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲရင်ဆိုင်နေရမှုကြောင့် စစ်ကောင်စီက ပိတ်ဆို့ထားရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကမ်းရိုးတန်းပြည်နယ်ရဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ကျပ်တည်းလာလျက်ရှိပါတယ်။

WFP ရဲ့ အကြီးဆုံးအလှူရှင်ဖြစ်တဲ့ ဝါရှင်တန်က ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးမှုရန်ပုံငွေဟာ ကျဆင်းသွားခဲ့ပြီးနောက် နိုင်ငံတဝန်းက လူပေါင်း ၁ သန်းကိုပေးမယ့် အကူအညီတွေ ဖြတ်တောက်ခံလိုက်ရတဲ့ ဧပြီလမှာ အခြေအနေက အတော်လေးဆိုးရွားသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် အလယ်ပိုင်းက အိမ်ထောင်စုရဲ့ ၅၇ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အခြေခံ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း WFP ကထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာကစလို့ ၂၄ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။

“ပဋိပက္ခတွေ၊ ပိတ်ဆို့တားဆီးမှုတွေနဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေက ပေါင်းစပ်သွားပြီး ငတ်မွတ်မှုနဲ့ အာဟာရချို့တဲ့မှုကို သိသိသာသာ မြင့်တက်စေတယ်” လို့ သူ့ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်တွင် တွေ့ရစဉ် (ဓာတ်ပုံ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့)

တိုက်ပွဲတွေဟာ နေရာတိုင်းမှာ အကူအညီတွေနဲ့ မီဒီယာတွေရောက်ရှိနိုင်ဖို့ ခက်ခဲရှပ်ထွေးစေပေမယ့် “ရခိုင်မြောက်ပိုင်းကတော့ အဲဒီမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဝင်ရောက်ခွင့်ရရေး ပြဿနာတွေကြောင့် အခြေအနေက ပိုဆိုးရွားနေတယ်” လို့ WFP က ယူဆထားပါတယ်။

“လူတွေဟာ အဆိုးကျော့သံသရာထဲမှာ ပိတ်မိနေကြတယ်၊ ပဋိပက္ခတွေကြောင့် ဖြတ်တောက်ခံရ၊ အသက်မွေးဝမ်းကျောင်းမှုတွေက ချွတ်ခြုံကျပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးကင်းလုံခြုံရေး ကွန်ရက်ကလည်း မရှိနေတော့ဘူး” လို့ WFP ရဲ့ မြန်မာဆိုင်ရာဒါရိုက်တာ Michael Dunford က ပြောကြားခဲ့ပါတယ်။

“အရေးတကြီး ကိုင်တွယ်ဆောင်ရွက်တာမျိုးမရှိရင် ဒီအကျပ်အတည်းဟာ တကယ့်ကို ကပ်ဘေးဆိုးကြီးအဖြစ် အပြည့်အဝ ပြောင်းလဲသွားလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ဝါရှင်တန်ဟာ ၂၀၂၄ ခုနှစ်အထိ WFP ရဲ့ အကြီးဆုံးအလှူရှင်ဖြစ်ခဲ့ပြီး နိုင်ငံတကာရန်ပုံငွေ ဒေါ်လာ ၉.၇ ဘီလီယံရဲ့ ထက်ဝက်နီးပါး ထောက်ပံ့ခဲ့တာပါ။

ဇန်နဝါရီလ သမ္မတထရန့် အာဏာပြန်ရချိန်မှာတော့ “အမေရိကန်ပထမ” အစီအစဉ်ကြောင့် နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်တွေကို ခေတ္တရပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဝါရှင်တန်ရဲ့ ဖြတ်တောက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာရေစီးကြောင်းရဲ့ တစိတ်တပိုင်းဖြစ်ပြီး ယူကေနဲ့ ဂျာမနီတို့လို နိုင်ငံတွမှာလည်း ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ဖို့ရာ အကူအညီဘတ်ဂျက်တွေ ပြန်လည်ရုပ်သိမ်းလာတာကို ‌တွေ့မြင်ခဲ့ရပါတယ်။

မူရင်းသတင်း – Myanmar region sees ‘dramatic’ hunger rise after aid cutbacks

 

0 Shares:
You May Also Like
Read More

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ မတရား ကွပ်မျက်ခံရမှုအပေါ် အောက်မေ့သတိရကြောင်း ဗြိတိသျှသံရုံး ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က မတရားသဖြင့် ဖမ်းဆီးကွပ်မျက်ခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့အတွက် သတိရအောက်မေ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်ကွန်ကရက် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများက အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဖို့ သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက နိုင်ငံခြားရေးရာကော်မတီဥက္ကဌများနဲ့ လွှတ်တော်အမတ်များက သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်းခဲ့တယ်လို့ အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက  ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

လိမ်လည်မှုတွေကြောင့် မြဝတီအပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကို ဟောင်ကောင်က ခရီးသွားအန္တရာယ်ရှိ အနီရောင်အဆင့်သတ်မှတ်

ဟောင်ကောင်ဒေသခံတွေ မြန်မာပြည်ကို ဖြားယောင်းခံရပြီး လိမ်လည်လုပ်ငန်းတွေမှာ အလုပ်ခိုင်းစေခံရမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက မြန်မာပြည်အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ်က နေရာတချို့ကို ခရီးသွားသတိပေးချက် အနီရောင်အဖြစ် ဇန်နဝါရီလ ၁၇ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းအစိုးရပိုင်မြေများကို မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထားကာ အွန်လိုင်းမှ ရောင်းချမှုများ ပြုလုပ်နေ

မြန်မာနိုင်ငံရှိ ငွေကြေးတတ်နိုင်သူတွေကို ပစ်မှတ်ထားပြီး ထိုင်း- မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းတဲ့ နေစရာနေရာအဖြစ် ထိုင်းအစိုးရပိုင်မြေတွေကို အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေ ရှိတယ်လို့ ထိုင်းသတင်းဌာန The Nation က သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်လွှတ်တော် တညီတညွတ်တည်း အတည်ပြု

နယူးဇီလန်ပါလီမန်က မြန်မာစစ်အုပ်စု ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ကြောင်း ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာစစ်အုပ်စုမှ ၎င်းတို့၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

တရားမဝင်အာဏာသိမ်းထားတဲ့ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။