ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဆောင်နေတဲ့ ၁၄ ရပ်ကွက်ရုံးကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း လုပ်ဆောင်ခဲ့တဲ့  မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁၄ရက်၊ မနေ့က ညပိုင်းမှာ မြို့ပြ UG တပ်ဖွဲ့ဝင်တွက လှိုင်သာယာမြို့နယ်၊ ၁၄ရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရုံးထဲမှာ အစည်းအဝေးထိုင်နေသူတွေအပါအဝင် အပြင်ဘက် လုံခြုံရေးယူပေးထားတဲ့ စစ်သားနဲ့ရဲတွေပါ ထိခိုက်သွားခဲ့ကြောင်း မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။

“အထဲမှာ အုပ်ချုပ်ရေးမှူးအဖွဲ့ရှိပြီး အပြင်မှာတော့ စစ်‌ေ-ွး ရဲ‌ေ-ွး ၄ကောင်စောင့်နေတာပါ။ လက်လုပ်ချိန်ကိုက်မိုင်း ၂လုံးနဲ့ ဗုံးသီးအစစ် ၂လုံးဆိုတော့ ပြင်းအားကတော့ မြင့်ပါတယ်။”လို့ မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လှိုင်သာယာ ၁၄ ရပ်ကွက်ရုံး

ဒီတိုက်ခိုက်မှုကို မြို့ပြကြွက်ကွန်ရက်နဲ့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုအပြီး  စစ်အုပ်စုဘက်က သေနတ် ၃ချက်ရမ်းသမ်းပစ်ဖောက်ခဲ့သလို ရပ်ကွက်အတွင်း မူးရူးဆဲဆိုတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူသမ္မတဖြစ်ရေး၊ အာဏာမဆုံးရှုံးစေရေးတွေအပြင် တရုတ်နဲ့ရုရှားရဲ့ ခါတော်ပေးမှုတွေကြောင့် တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ပိုမိုကြိုးစားနေတာဖြစ်ပါတယ်။

“ပြောချင်တာက ရွေးကောက်ပွဲကို မပူးပေါင်းကြဖို့ပါပဲ။ ပြည်သူတွေလည်း ပူးပေါင်းမယ်လို့မထင်ပါဘူး ။  ဒီတော့ ရွေးကောက်ပွဲဖြစ်မြောက်အောင် အားပေးကူညီပေးနေတဲ့ ပျူစောထီး၊ ဒလန်နဲ့ အုပ်ကြီးတွေနဲ့ပါ ဝေးဝေးနေပေးပါ။ ကျနော်တို့ UGတွေဘက်ကလည်း အခက်အခဲတွေကြားက လုပ်ရပေမယ့် သူတို့ရဲ့ ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး ကြိုးစားဖျက်မှာပါ။” လို့ မြို့ပြကြွက်ကွန်ယက်တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
Read More

စစ်ကိုင်းငလျင်ကြီး ၅ လပြည့်ရန် ၃ ရက်အလိုတွင် မန္တလေး Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲ

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ ၂၀၂၄ ခုနှစ် အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်ကြောင့် ၁၈ နှစ်အောက်ကလေး အယောက် ၃၀ ကျော် သေဆုံးခဲ့

လက်ရှိ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် မြန်မာပြည်တဝန်း သေဆုံးသူ ၃၅ ယောက်ရှိခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၃၃ မှ ထွက်လာသည့် စစ်ကောင်စီကားတန်း မုံရွာ မအူဂိတ်အနီးတိုက်ခိုက်ခံရ၊ စစ်ကောင်စီ အရာရှိအပါ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်က ထွက်လာတဲ့ ကြေးနီတင်ကားတန်း​ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြကြောင်း Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။