ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် အခမ်းအနားနဲ့ ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကလေးခရိုင် ပကဖ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် အောင်ဇင်ဘုန်းဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့အတူ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် အောင်ဇင်ဘုန်းအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုမှတ်တမ်းလွှာနဲ့အတူ ချီးမြှင့်ထောက်ပံ့ငွေ (၁၀) သိန်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့စစ်ဘက်ရေးရာအရာရှိရုံးချူပ်က ချီးမြှင့်ထောက်ပံ့ငွေ (၅) သိန်း တို့ကို ကျန်ရစ်သူ မိဘတွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ကျဆုံးရဲဘော်ရဲ့ မိဘတွေကို တွေ့ဆုံအားပေးစကားပြောပြီး ဂုဏ်ပြုချီးမြှင့်မှုအခမ်းနားကို ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလေမြို့တွင် ပျူစောထီးခေါင်းဆောင် ဘီယာသောက်နေစဥ် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အဝင်က ဘီယာဆိုင်မှာ ဘီယာသောက်နေတဲ့ စလေပျူစောထီးခေါင်းဆောင် မိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မကွေးခရိုင် အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံက သိရပါတယ်။
Read More

ထနောင်းကုန်းရွာ ပျူစောထီးအချင်းချင်း ပစ်သတ်ပြီး သေနတ်တစ်လက် ချန်ခဲ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာက ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက်သေဆုံးကာ လက်နက်တစ်လက်လည်း ချန်ခဲ့တယ်လို့ တောင်သာပကဖထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ တိုက်ပွဲဖြစ်ပွားနိုင်တဲ့အနေအထားအထိ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာနေ…

ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနားမှာ ထိုင်းစစ်တပ်နဲ့ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အင်အားအကြီးမားဆုံးတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ဟာ နယ်မြေပြဿနာကြောင့် နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ အတင်းမာဆုံးအခြေအနေရောက်ရှိလာနေတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

မင်းကွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၇ ဦးခန့်သေဆုံးပြီး စစ်ကောင်စီရဲ့ တပ်မ ၃၃ မှ ဒုတပ်မမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်ကောင်စီရ ခြေမြန်တပ်မ ၃၃ က စစ်သား ၇ ယောက် သေဆုံးပြီး ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးအပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သားတွေဆီက ခြိမ်းခြောက်ငွေညှစ်နေသူကို ကန့်ဘလူခရိုင်- အမှတ် ၄ တပ်ရင်း ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ တော်လှန်ရေး အဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သားပြည်သူတွေဆီက ခြိမ်းခြောက်ငွေညှစ်နေတဲ့ သန်းထိုက်ဦး (ခ) ငတီးဆိုသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

ရာမညစစ်ကြောင်းက အဝေးပြေးလမ်းပိုင်း တစ်နေရာမှာ စစ်ဆေးမှုပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်မှာ အခြေစိုက်ပြီး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ရာမညစစ်ကြောင်းက မွန်ပြည်နယ်အတွင်း အဝေးပြေးလမ်းပိုင်းတစ်နေရာမှာ လုံခြုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ်နေပုံကို အသိပေးထုတ်ပြန်လိုက်ပါတယ်။