စစ်ကိုင်းတိုင်း၊ မြင်းမှုမြို့နယ်မှာ ဘုန်းကြီးကျောင်းဝန်းထဲ တပ်စွဲနေတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကော်မရှင်က အနီးအနားကျေးရွာတွေထဲ စစ်ကြောင်းဝင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Aung Tha Pyay Nyi Naung (Local PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သြဂုတ်လ ၁၃ရက် ညနေပိုင်းက အင်အားဖြည့်တင်းထားတဲ့ ဂွေးပင်ရွာ ဘုန်းကြီးကျောင်းအဝန်းအတွင်း စစ်အုပ်စုရှိရာဆီ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ 10Kg ဗုံးသီး ၁လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒိတိုက်ခိုက်မှုအတွင်း ပေါက်ကွဲအားပြင်းတာကြောင်ံ့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း Aung Tha Pyay Nyi Naung (Local PDF ) တာဝန်ရှိသူက ပြောပါတယ်။

“အင်အားထပ်ဖြည့်ထားတာနဲ့ဆို အဲ့ဒီဘုန်းကြီးကျောင်းထဲ စခအင်အားက ၁၀၀လောက်ရှိတယ်။ နားနေတဲ့ စခအုပ်နားကျတာဆိုတော့ သေတာများနိုင်တယ်။ စာရင်းကတော့ အတိအကျမသိနိုင်သေးဘူး။ 10Kg အသီးက ပြင်းတယ်။ အလုံအလောက်မရှိလို့သာ ၁လုံးပဲချရတာ.. နို့မို့အကြေချတယ်။ အရပ်သားတွေမထိရအောင် စစ်သားတွေရှိတဲ့နေရာပဲ ရွေးချခဲ့တာပါ။” လို့ Aung Tha Pyay Nyi Naung (Local PDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ ဘုန်းကြီးကျောင်းဝန်းအတွင်းဖြစ်တာကြောင့် အရပ်သားနဲ့ ဘုန်းကြီးတွေ ထိခိုက်မှုမရှိအောင် ကြိုးစားလုပ်ဆောင်ခဲ့ရသလို စစ်အုပ်စုဂျမ်မာတွေကြောင့် ဒရုန်းပြန်လည်ရောက်ရှိဖို့ကိုလည်း အတော်လေး ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကို Aung Tha Pyay Nyi Naung (Local PDF)နဲ့အတူ ကျောက်ဆည်ခရိုင် အမှတ် ၁၈၈၄ ဒရုန်းတပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ နွေဦးလူငယ် LPDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၄ရက်နေ့မှာတော့ စစ်အုပ်စုတွေဟာ အင်အားတွေထပ်မံဖြည့်တင်းရင်း လထုတ္ထောရွာအပါအဝင် အနီးအနားကျေးရွာတချို့ကို စစ်ကြောင်းဝင် မီးရှို့ခဲ့တဲ့အတွက် အရပ်သားနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

လက်ရှိအခြေအနေအရ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်၁၀ခုထက်မနည်းကို စစ်ကော်မရှင်က အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းတွေဝင်ရောက်နေတဲ့အတွက်  တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်အောက်ခံ UEC ထုတ်ပယ်လိုက်သည့် NDF ပါတီ အခွင့်အရေးရှိရင် ရွေးကောက်ပွဲ ပြိုင်ခွင့်ရချင်သေးကြောင်း စာထုတ်

အကြမ်းဖက်စစ်တပ်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပါတီဝင်အင်အားနဲ့ ရုံးခန်းအရေအတွက်တွေ ပြသနိုင်ခဲ့ပေမယ့် ပါတီဖျက်သိမ်းခံလိုက်ရတဲ့အပေါ် အခွင့်အရေးရှိရင် ဆက်ပြီးပါဝင်ခွင့်ရချင်သေးကြောင်း (NDF) ခမောက်ပါတီက စက်တင်ဘာလ ၁၀ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Read More

စလင်းမြို့နယ်မှူးရုံးတွင် ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ဦး အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ယောက် အလင်းဝင်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းက စစ်သင်တန်းဆင်းတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသဆီ စစ်ကောင်စီ အလောတကြီး ပို့ဆောင်နေ

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ရတဲ့ ဧရာဝတီတိုင်း မြို့နယ်တွေထဲက စစ်သားသစ်တွေကို ရခိုင်ပြည်နယ် စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။