မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးယူနေချိန် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 

ဩဂုတ်လ ၁၄ ရက် မနေ့က မနက်ပိုင်းမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)  ကာကွယ်ရေးဌာနအောက်ရှိ တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တပ်ဖွဲ့တို့က သံဖြူဇရပ်-ရေး အမှတ် (၈) အမြန်လမ်းပေါ်မှာ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက် စစ်ဆေးမှုတွေ ဆောင်ရွက်စဉ်ချိန် အဆိုပါ ပညာရေးဝန်ထမ်း ၄ ‌ယောက်ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးရမိသည့် Non-CDM ပညာရေးဝန်ထမ်း (၄) ယောက်ကို MSRF နဲ့ YPDF တပ်ဖွဲ့တာဝန်ရှိတွေက (၂၄)နာရီခန့်ကြာ စစ်ဆေးဖို့ ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ဩဂုတ်လ (၁၅) ရက် ဒီနေ့မှာတော့ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင် ပတ်သက်ခြင်းမပြုဖို့ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းပြီး သက်ဆိုင်ရာ မိသားစုဝင်တွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

MSRF အနေနဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non-CDM ဝန်ထမ်းတွေရဲ့ စာရင်းကို တော်လှန်ရေးအဖွဲ့တွေထံကနေ ရရှိထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ တပါတည်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် ဇွန်လအတွင်း အရပ်သား ၃၆ ဦး သေဆုံးခဲ့မှု အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၅၈ ဦးရှိ

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူစုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်ပြီး နောက်ထပ် သေဆုံးတဲ့ အရပ်သား ၅၈ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းစစ်ဌာနအော​က်မှ တိုက်ပွဲတွင်း ဆေးပညာနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု့ စစ်/ဆေးသင်တန်း (M1) အောင်မြင်စွာ ပြီးစီး

အမျိုးသားညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၊ စစ်ရေးဌာန၊ ဆေးဝန်ထမ်းဌာနခွဲ ၊ မန္တလေးတိုင်းစစ်ဌာနက တိုက်ပွဲတွင်း ဆေးပညာနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု့ စစ်/ဆေး (M1) သင်တန်းဆင်းပွဲ​ကို ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ဆီမီးခုံဆေးရုံကို အကာအကွယ်ယူ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်ဗုံးစာမိလို့ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်က ဆေးရုံအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားတဲ့ မူဆယ်-မိုင်းယု (၁၀၅) မိုင် လမ်းကို စစ်ကောင်စီ ငွေကြေးတောင်းခံပြီး ဖြတ်သန်းခွင့်ပြုနေ

မူဆယ် - မိုင်းယု (၁၀၅) မိုင်လမ်းကို စစ်ကောင်စီက ငွေကြေးကောက်ခံပြီး စတင်ဖြတ်သန်းခွင့်ပြုနေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနှင့် တပ်စိတ်မှူး ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံး

96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနဲ့ တပ်စိတ်မှူးတို့ဟာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။