မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ်လ ၁၄ ရက် မနေ့ညက မိုးကုတ်မြို့နယ် ငါးပတ်တောင်အနီး လင်းရောင်ခြည်ဘုန်းကြီးကျောင်းနဲ့ ရပ်ကွက်အတွင်းကို စစ်ကော်မရှင်ရဲ့ လေတပ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် ချေဆေးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ချေဆေးကျေးရွာကို ဒီနေ့ စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းက အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ခံထားရတဲ့ တောင်းအင်စစ်စခန်းမှာ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် တောင်းအင်စခန်းကနေ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ ရဲ့ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာန၊ အမှတ် ၃ ရှမ်းတောင်စစ်ဒေသ၊ ဗျူဟာ (၁) ​လက်အောက်ခံ တပ်ရင်းအမှတ် ၁၀၀၇ - မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ရေတာရှည်မှာ စက်သေနတ်တင် သံချပ်ကာယာဉ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အနောက်ဘက်ကမ်း ကျွန်းတောကုန်းကျေးရွာကနေ နှောပင် ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄  ထံက သိရပါတယ်။ 
Read More

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ မုံရွာခရိုင်အမှတ် (၃)တပ်ရင်းမှ ရဲဘော် ၇ ယောက်အတွက် ပန်းခွေချခြင်းနဲ့ အလေးပြုခြင်းအခမ်းအနားပြုလုပ် (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၇ ယောက်အတွက် ပန်းခွေချ ခြင်းနဲ့ အလေးပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ မှ ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဒုတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  ဒုတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုပကဖ ကထုတ်ပြန်ထားပါတယ်။