မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၇) ယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၄ ရက် မနေ့က ညပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာက ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၇) လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်ကလည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို ပေါင် (၅၀၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာမဏေ (၁) ပါး၊ ကလေး (၂) ယောက်၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား(၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၁) ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ အခုလအတွင်း လေကြောင်းအသုံးပြုပြီး မိုးကုတ်မြို့မှာ (၂) ကြိမ်၊ ကျောက်မဲမြို့နယ်မှာ (၁) ကြိမ်၊ သီပေါမြို့မှာ (၂) ကြိမ် ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေး (၃) ယောက်၊ သံဃာတော် (၂) ပါး၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၁) ယောက် သေဆုံးခဲ့ရပြီး သံဃာတော် (၁) ပါး၊ အမျိုးသမီး (၅) ယောက်နဲ့ အမျိုးသား (၁၄)ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့  TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမှ ကျောက်မဲသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် SSPP/SSA မှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်လလျှင် လူ ၅၀ ကျော် သေဆုံးနေ

၃ လတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၆၀ ကျော် သေဆုံးခဲ့ရတယ်လို့  နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေး ထုတ်ပြန်ပါတယ်။
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းကြောင့် မနေ့က ညနေပိုင်းအထိ အကျဥ်းထောင် ၁၆ ခုမှ အမှန်တကယ် လွတ်လာသူ ၅၄၉ ဦးသာရှိဟု အေအေပီပီ ထုတ်ပြန်

အတုအယောင်ရွေးကောက်ပွဲကို မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးအကျဉ်းချထားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာခဲ့ပေမယ့် အမှန်တကယ် လွတ်မြောက်လာသူအရေအတွက်ဟာ ဖမ်းဆီးခံထားရမှုနဲ့ယှဥ်ရင် အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။
Read More

Urban Task Force Aung Ban – UTF က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) ၊ တပ်ခွဲ ၂ ၊ Urban Task Force Aung Ban က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ခွဲက ထုတ်ပြန်ဖော်ပြထားပါတယ်။