မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Local တပ်ရင်း (၁) – PDLB ရဲ့ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။

အပတ်စဉ် (၂) သင်တန်းမှာ Earthquake People’s Defence Force၊ Thu Rain (TR)၊ Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Force စတဲ့ သင်တန်းအပတ်စဉ်(၁) မှာ ပါဝင်ပူပေါင်းအားဖြည့်ခဲ့တဲ့ ပခုက္ကူခရိုင်အတွင်း အခြေပြုတော်လှန်ရေးတပ်ဖွဲ့(၅)ဖွဲ့အပြင် Red Fighter နဲ့ ပခုက္ကူမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင် Local တပ်ရင်း (၁)  (PDLB) ရဲ့သင်တန်းအပတ်စဉ် (၂) ကိုတော့ တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့က ရဲဘော်ရဲမေ အယောက် (၇၀) ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းမှာ စစ်ပညာသင်တန်း၊ ရုံးပိုင်းဆိုင်ရာသင်တန်း၊ CoC နှစ်ရပ်၊ ပြည်သူ့စစ် မဟာဗျူဟာနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းတွေကို ရက်ပေါင်း (၄၅) ရက်ကြာ သင်ကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို မြိုင်ပကဖ က သင်တန်းကျောင်းအုပ်ဆရာ ဆရာပါဝါ၊ မြိုင်ပကဖက စစ်ဘက်ဆိုင်ရာသင်တန်းဆရာတွေ၊ ရုံးပိုင်းဆိုင်ရာသင်တန်းဆရာတွေနဲ့ ပခုက္ကူမြို့နယ် (ပ.အ.ဖ) ရုံးအဖွဲ့က ဆရာမတို့ သင်တန်း ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ Earthquake People’s Defence Force က ဆိုပါတယ်။

ပခုက္ကူခရိုင် Local တပ်ရင်း (၁) ရဲ့ အပတ်စဥ် (၁) ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ရက်မှာ တပ်ဖွဲ့ (၅) ဖွဲ့နဲ့ သင်တန်းဆင်းပေးခဲ့ပြီး အခုအခါ အပတ်စဥ် (၂) သင်တန်းဆင်း​မှာတော့ တပ်ဖွဲ့ (၇) ဖွဲ့အထိ ပါဝင်လာပြီး တိုးမြှင့်သင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် PDF တွေနဲ့ ပကဖ တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့မှာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးရင်း Countdown ရေဦးမယ့် စစ်ကောင်စီ

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံအနှံ့အပြား တော်လှန်ရေးတိုက်ပွဲတွေကို အောင်မြင်စွာ ဆင်နွှဲနေကြပါတယ်။