မြန်မာနိုင်ငံအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းတွေတည်‌ဆောက်နိုင်ရေး အားလုံးဝိုင်းဝန်းကူညီကြဖို့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက တိုက်တွန်းလိုက်ပါတယ်။

”အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျောင်းတွေကို ဗုံးကြဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို ပြုလုပ်လုပ်ဆောင်နေပါတယ်။ ဒါကြောင့်မို့လို့ အပြစ်မရှိတဲ့ ကလေးသူငယ် ကျောင်းသားတွေနဲ့အတူ ဆရာ၊ ဆရာမတွေပါ အသက်ဆုံးရှုံးနေရတယ်။ ထိခိုက်ဒဏ်ရာ ရနေတယ်ဆိုတာကို ပြည်သူအားလုံးလည်း အသိဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကလေးသူငယ်တွေ ဘေးကင်းလုံခြုံတဲ့ ဆက်လက်ပြီး ပညာသင်ကြားနိုင်ဖို့အတွက် ဒီ “Safe Schools, Safe Education” ဆိုတဲ့ Campaign ကိုဆောင်ရွက်နေတာပဲဖြစ်ပါတယ်”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

ကမ်ပိန်းရည်မှန်းချက်ကတော့ အမေရိကန်ဒေါ်လာ (၄) သိန်းဖြစ်ပြီး ကမ်ပိန်းကာလကို ဇူလိုင်လ ၁၅ ရက်ကနေ ဩဂုတ်လ ၃၁ ရက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ ကာကွယ်ရေးအစီအမံတွေရှိတဲ့ ကျောင်းတွေမှာ ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေဖို့အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းမှာ ပါဝင်လှူဒါန်း ကူညီပံ့ပိုးပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Video – Ministry of Education, National Unity Government of Myanmar

0 Shares:
You May Also Like
Read More

ဝန်းသိုမြို့နယ် ပကဖ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ထုတ်ပြန်ပြသ (ရုပ်/သံ)

ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ က အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်မှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ပြည်သူလူထူထံ ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မြဝတီ ချောင်းဆုံမြစ်တွင် လူငယ် ၄ ဦး ရေကစားရာမှ ပျောက်ဆုံးနေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ချောင်းဆုံမြစ်မှာ လူငယ် ၄ယောက် ရေကစားရာကနေ နှစ်မြုပ်ပျောက်ဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ် ခမြင့်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် (၁၆) ဘုတလင်မြို့နယ်တပ်ရင်း BDL PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

MNDAA ပြန်လည်ဆုတ်ခွာနေသည့် လားရှိုးမြို့မှာ အုပ်ချုပ်ရေးပျက်ယွင်းနေ၊ အထက်တန်းကျောင်းတစ်ကျောင်းမှာ အုပ်စုလိုက် ပစ္စည်းခိုးယူမှုဖြစ်ပွား (ရုပ်/သံ)

တရုတ်အစိုးရရဲ့ ဖိအားကြောင့် MNDAA ဟာ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေပြီး မြို့အုပ်ချုပ်ရေး ပျက်ပြားမှုကြောင့် ဒီနေ့ဧပြီ ၂၀ ရက်မှာ လားရှိုး အထက ၅ ကျောင်းအတွင်း အုပ်စုဖွဲ့ ပစ္စည်းခိုးယူမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံက ဗီဒီယိုဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ခမရ ၅၄၀ တပ်ရင်းမှူး ဇနီးဖြစ်သူ ဒေါ်မေသူဝင်းမှာ AA အား ကျေးဇူးတင်စကားပြောကြား (ရုပ်/သံ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၈၄ ယောက်ကို အာရက္ခတပ်တော် (AA)က အခမ်းအနားနဲ့တကွ ပြန်လွှတ်ပေးခဲ့ပြီး လမ်းစရိတ် ၃ သိန်းစီး ထောက်ပံ့ကာ လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။