ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အခုလို စက်သုံးဆီဆိုင်တွေ ရုတ်တရက် ပိတ်လိုက်တဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲသလို ရေရှည်ပိတ်ထားမယ်ဆိုရင် ကျန်းမာရေးအတွက် သွားလာရတာမျိုးတွေလည်း ပိုမိုခက်ခဲနိုင်တယ်လို့ ဆိုကြပါတယ်။ အရင်က ဓာတ်ဆီ ပြတ်လပ်မယ်ဆိုရင် ကြိုသိတဲ့အတွက် ကြိုဝယ်ထားနိုင်ပေမယ့် အခုတစ်ခေါက်က ရုတ်တရက် ဖြစ်သွားတယ်လို့ ပြောကြပါတယ်။

“မြဝတီတစ်မြို့လုံး ဆီဆိုင်တွေ ပိတ်ချလိုက်တယ်။ ဘယ်မှာမှ ဆီဝယ်မရဘူး။ ဘာကြောင့်ပိတ်တာလဲ ဘယ်သူမှ အတိအကျ မသိဘူး။ လမ်းဘေးဆိုင် သေးသေးလေးတွေရော ဆီမရတော့ဘူး။ ဆီဆိုင်ကြီးတွေက မနက်ကတည်းက ပိတ်ထားတာ။ အခုထိ မရောင်းပေးကြဘူး။ အရင်အခေါက်တွေကဆိုရင် ဆီပြတ်တော့မယ်ဆိုရင် ကြိုသိကြတယ်။ ကြိုသိကြတော့ ဝယ်တဲ့လူတွေကလည်း ဝယ်ကြတယ်။ အခုဟာက တုံးတိကြီး သူတို့က ဆီတွေအားလုံးကို ပိတ်ချလိုက်တယ်” လို့ မြဝတီမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြဝတီမြို့တွင် စက်သုံးဆီများ တန်းစီဝယ်ယူနေစဥ်

အခုလို စက်သုံးဆီ ရောင်းချခွင့် ပိတ်ပင်လိုက်တာဟာ စစ်ကော်မရှင်တပ်က ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပြန်တိုက်ဖို့အတွက် မြဝတီကို ဆီဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။ ဆီဆိုင်တွေ ပိတ်နေပေမယ့် ဆီသိုလှောင်ထားသူ တချို့ကကတော့ အရင် ၅ လီတာ ပုံးဝါတစ်ပုံးကို မြန်မာငွေ ၃သောင်းကျော်နဲ့ ရောင်းပေးရာကနေ အခုဆို ၅ လီတာ တစ်ပုံးကို ၄သောင်းခွဲကနေ ၅သောင်းကျပ်အထိ ရောင်းနေတယ်လို့ အထက်ပါ မြို့ခံက ပြောပါတယ်။

အလားတူ ကော့ကရီတ်မြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း မနေ့က မနက်ကစလို့ စက်သုံးဆီ ရောင်းချတာတွေ ရပ်လိုက်တဲ့အတွက် အခက်အခဲတွေဖြစ်နေကြတယ်လို့ သိရပါတယ်။

“ဆီဆိုင်တွေ ပိတ်လိုက်တာ မသိဘူး။ နေ့လယ်လောက်ကျတော့ သွားစရာလေးရှိလို့ ဆီသွားထည့်တာ၊ ဆိုင်တွေ အကုန်ပိတ်ထားတယ်။ ဘယ်လိုပြောပြော မရောင်းပေးဘူး။ အိမ်မှာလည်း ဆီတွေကို သီးသန့် လှောင်ထားတာမျိုးလည်း မလုပ်ထားတော့ ဆိုင်မှာလည်း ရောင်းဖို့ဆီတွေ မရှိဘူး” လို့ ကုန်စုံဆိုင် ရောင်းချသူတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က ဆေးဝါးနဲ့ လူသုံးကုန်တွေ အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ကနေ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေကလည်း ပိုမိုမြင့်တက်လာနေ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်အပါ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် ၈ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

တပ်မတော်က ဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံနေတယ်လို့ မင်းအောင်လှိုင် ဝါဒဖြန့်ပြောဆို

“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
Read More

ဇီးကုန်းမှာ အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဗန်းမောက် မြို့သိမ်းတိုက်ပွဲ ၆ ရက်မြောက်တွင် တော်လှန်ရေးတပ်များ မြို့ကို ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက် မနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးကာ ပြည်သူတွေကို ငွေညှစ်နေတဲ့ ပျူခေါင်းဆောင် ရာအိမ်မှူး ဌေးလွင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်၊ သပြေလှအုပ်စု၊ ရင်းတိုက်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဌေးလွင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းပေးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။