စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကော်မရှင် တပ်သားတွေ မီးသတ်ရုံးနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ် ပစ်ခတ်မှုအပြီး စစ်ကော်မရှင်တပ်သားတွေ ရွှေဂူဖြူဘုရားဘက် ပြန်ဆုတ်သွားပေမယ့် ဒုတိယအကြိမ် လမ်းပေါ် ပြန်တက်လာကာ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကော်မရှင်တပ်သားတွေ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာသွားတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရေနံကုန်း၊ ရွှေဂူဖြူဘုရားကုန်းနဲ့ မီးသတ်ရုံးတို့ကို ရှင်းလင်းရေးလုပ်ဆောင်ရင်း စစ်ကော်မရှင်တပ်သားတစ်ယောက်ကို တွေ့ရှိကာ ဖမ်းဆီးခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုရဲ့ စစ်ကြောင်းမှူး ကိုကြွက်ကလေးက မောင်းကို ပြောပါတယ်။

“ဖမ်းဆီးရမိတဲ့ သုံ့ပန်းကတော့ ခုနက တက်ရှင်းတဲ့ နေရာ ၃ခုမှာ ရွှေဂူဖြူဘုရား၊ သူတို့နဲ့ မလှမ်းမကမ်းနားမှာ ဝေ့လည်ကြောင်ပတ် အနေအထားပေါ့။ ကြည့်ရတာ မူးယစ်ဆေးဝါးတွေ သုံးထားပုံရတယ်။ ကြောင်တောင်တောင်တော့ ကြောင်တောင်တောင်ပဲ။ ဝိုင်းပြီးတော့ သေနတ်ကို လုပြီးတော့ ဖမ်းလိုက်ရတယ်” လို့ စစ်ကြောင်းမှူး ကိုကြွက်ကလေးက ဆိုပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားထံက MA 1 တစ်လက်၊ ကျည်ဘောက် ၄ခု၊ ၅.၅၆ ကျည် ၈၂ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ စစ်ကော်မရှင်တပ်သားတွေ ပြည်သူဆီက မတရားယူဆောင်လာတဲ့ ၁၂ ဘီး ကားနဲ့ ဆိုင်ကယ်တွေကို ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒီ ၁၂ ဘီးကားနဲ့ ဒီ ပြည်သူပိုင်တဲ့ ဆိုင်ကယ်တွေကတော့ ကျနော်တို့ လက်ရှိ အရာတော်မြို့နယ် ပကဖထံကို အပ်ထားတယ်။ ဒီတိုက်ပွဲကလည်း လက်ရှိအချိန်ထိ မပြီးသေးဘူး။ ရှိနေတုန်းပဲဆိုတော့ ပြီးသွားရင် ကျနော်တို့ အရပ်သားပြည်သူ ပိုင်ရှင်တွေကို ပြန်ပေးဖို့ရာ အစီအစဥ်လုပ်ထားပါတယ်” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။

ပစ်ခတ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားတွေ ထိခိုက်သေဆုံးမှု များနိုင်ပြီး ပစ်ခတ်မှုဖြစ်ပြီးလို့ ၃ရက်လောက်အကြာမှာ စစ်ကော်မရှင်တပ်တွေက အင်အားထပ်ဖြည့်ကာ နမခ ကနေ လက်နက်ကြီး ပစ်ကူတာတွေ၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုတွေကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းနဲံအတူ အရာတော်မြို့နယ် ပကဖ၊ အရာတော် တိုက်နယ် ၉/ ၁၀/ ၁၁ အဖွဲ့တွေ၊ မုံရွာခရိုင် ဗျူဟာ ၆၆၊ PLA တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်ဖွဲ့နဲ့ မုံရွာမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်တွေဟာ မုံရွာနဲ့ အရာတော်ကြားရှိ ဘရသေ့ ဘုန်းကြီးကျောင်းမှာ ပြည်သူတချို့ကို ဖမ်းဆီးကာ အထိုင်ချ တပ်စွဲထားတယ်လို့ သိရပါတယ်။

တိုက်ပွဲဝင် တော်လှန်ရေးတပ်ဖွဲ့များ၊ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် ပြန်လည်သိမ်းဆည်းရရှိသည့် ပြည်သူပိုင် ၁၂ ဘီးကား (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ပဲခူးခရိုင်အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေမှာ ဗိုလ်ချုပ် နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်၊ သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနဲ့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“လက်နက်ကိုင်လမ်းစဥ်မှအပ အခြားမရှိ” လမ်းစဉ် ကို ကိုင်စွဲထားသည့် ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်ကို ဂုဏ်ယူကြောင်း TNLA သဝဏ်လွှာပေးပို့

“လက်နက်ကိုင် လမ်းစဥ်မှ အပ အခြားမရှိ”ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်စွဲထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ၄ နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ယူကြောင်း TNLA က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားရက်တွေကို တဆက်တည်းပိတ်ပေးမယ်လို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီ စည်းရုံး

စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားက ရက်တွေကိုပါ ဆက်တိုက်ပိတ်ပေးမယ်ဆိုပြီး Non-CDM ဝန်ထမ်းတွေကို ပြန်လည်စည်းရုံးနေမှုတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

သီပေါမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။