မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ အယောက် ၂၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ထံက သိရပါတယ်။

ဩဂုတ်လ ၁၄ ရက် မနေ့က ညပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာက ပေါင် (၅၀၀)ဗုံး (၁)လုံး  လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) ကလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အယောက် ၂၀ သေဆုံးခဲ့ပြီး ၅ ယောက်ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသား ၅ ယောက်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ် အပါအဝင် အမျိုးသမီး ၁၅ ယောက်သေဆုံးခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသူတွေကတော့ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

“လောလောဆယ်ကတော့ ၂၀ဦးက သေဆုံးတာ သတင်းရထားပါတယ်။ ဒါပေမယ့် အခုက နောက်ထပ် ၅ဦး ပြန်တိုးလာတယ်လို့ ထပ်ပြီး သတင်းရထားပါတယ်။ ဒါကိုတော့ အတည်မပြုနိုင်သေးပါဘူး။ မနက်ကအထိကို သေတာက ၈ဦးပဲရှိသေးတာ။ သေဆုံးက တဖြည်းဖြည်းနဲ့ တိုးလာနေတယ်” လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO ရဲ့ သတင်းမှတ်တမ်းဌာန တာဝန်ခံက မောင်းကို ပြောပါတယ်။

လက်ရှိသေဆုံးသူတွေဟာ ကိုထွန်းနိုင် ၃၀ နှစ်၊ အောင်ကိုချစ်၊ ကိုမင်းမင်းဦး၊ ရှိုင်းသုတ၊ အငယ်ကောင် – ကိုရင်လေး၊ မဦး၊ ဒေါ်တင်တင်ဝင်း၊ လှကေခိုင်မိုး၊ ကိုယ်ဝန်ဆောင်မိခင် မမြတ်ကေသွယ်၊ မဖြူ၊ ငြိမ်းအိစံ၊ မဝင်းမာ၊ ပိုပိုချစ်၊ ဒေါ်မွှေး၊ ဒေါ်ချိုဝင်း၊ ပပဖြိုး၊ မရင်၊ မဇင်ဖြိုးဦး၊ ဒေါ်ဝေ ၃၆ နှစ်နဲ့ မအေးနိုင် တို့ဖြစ်ပြီး အောင်ဇော်ထက် ၃၀ နှစ်၊ ဇော်မင်းထွေး ၂၉ နှစ်၊ မိုးမြင့်ဇော် ၁၆ နှစ်၊ အောင်ထက်ဦး ၂၅ နှစ်နဲ့ ဝေယံစိုး ၂၉ နှစ်တို့ဟာ ပြင်းထန်စွာ ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် သေဆုံးသူတချို့ဟာ ပျက်စီးမှုတွေကြောင့် ကျား၊ မ ခွဲခြားဖို့တောင် ခက်ခဲနေသေးတဲ့ အခြေအနေဖြစ်နေပြီး လေကြောင်းဗုံးကြဲမှုကြောင့် လင်းရောင်ခြည်ဘုန်းကြီးနဲ့ ပြည်သူနေအိမ် ၇ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့မှာ လေကြောင်းဗုံးကြဲမှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဩဂုတ်လ ၁၄ ရက်နေ့အထိ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ရရှိထားတဲ့ စာရင်းအရ ကလေး ၁၂ ယောက်အပါအဝင် ၅၇ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

နယ်မြေရှင်းလင်းရင်း တွင်းထဲ စွန့်ပစ်ထားခဲ့သည့် စစ်သားအလောင်း ၃ လောင်း တွေ့ရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စွန့်ပစ်ထားခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၃ ‌လောင်း တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခါင်းမှ စစ်ကောင်စီတပ်သား ၂ ဦး ၃၆၀၁ တပ်ရင်းထံ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

ပဲခူးတိုင်း၊ ပေါက်ခေါက်းမြို့နယ်က စစ်ကောင်စီတပ်သား ၂ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနဲ့ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ…

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလအတွင်း စစ်သားနဲ့ ရဲ (၁၃၆) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် PDF တွေနဲ့ ပကဖ တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူသို့ စစ်သားများပို့သည့် ၄ စီးမြောက်ကားကို တိုက်ခိုက်ရာ ကားပေါ်ပါသည့် စစ်သား ၁၈ ဦးလုံး သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ ပခုက္ကူကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်၊ မနက် ၅ နာရီအချိန်မှာ စစ်တပ်အင်အား ၁၂၀ ခန့်ဟာ ရေစကြို ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ ကနေ ပခုက္ကူမြို့ကို ခြေလျင်ထွက်လာခဲ့တယ်လို့ သိရပါတယ်။