မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Local တပ်ရင်း (၁) – PDLB ရဲ့ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။

အပတ်စဉ် (၂) သင်တန်းမှာ Earthquake People’s Defence Force၊ Thu Rain (TR)၊ Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Force စတဲ့ သင်တန်းအပတ်စဉ်(၁) မှာ ပါဝင်ပူပေါင်းအားဖြည့်ခဲ့တဲ့ ပခုက္ကူခရိုင်အတွင်း အခြေပြုတော်လှန်ရေးတပ်ဖွဲ့(၅)ဖွဲ့အပြင် Red Fighter နဲ့ ပခုက္ကူမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင် Local တပ်ရင်း (၁)  (PDLB) ရဲ့သင်တန်းအပတ်စဉ် (၂) ကိုတော့ တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့က ရဲဘော်ရဲမေ အယောက် (၇၀) ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းမှာ စစ်ပညာသင်တန်း၊ ရုံးပိုင်းဆိုင်ရာသင်တန်း၊ CoC နှစ်ရပ်၊ ပြည်သူ့စစ် မဟာဗျူဟာနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းတွေကို ရက်ပေါင်း (၄၅) ရက်ကြာ သင်ကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို မြိုင်ပကဖ က သင်တန်းကျောင်းအုပ်ဆရာ ဆရာပါဝါ၊ မြိုင်ပကဖက စစ်ဘက်ဆိုင်ရာသင်တန်းဆရာတွေ၊ ရုံးပိုင်းဆိုင်ရာသင်တန်းဆရာတွေနဲ့ ပခုက္ကူမြို့နယ် (ပ.အ.ဖ) ရုံးအဖွဲ့က ဆရာမတို့ သင်တန်း ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ Earthquake People’s Defence Force က ဆိုပါတယ်။

ပခုက္ကူခရိုင် Local တပ်ရင်း (၁) ရဲ့ အပတ်စဥ် (၁) ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ရက်မှာ တပ်ဖွဲ့ (၅) ဖွဲ့နဲ့ သင်တန်းဆင်းပေးခဲ့ပြီး အခုအခါ အပတ်စဥ် (၂) သင်တန်းဆင်း​မှာတော့ တပ်ဖွဲ့ (၇) ဖွဲ့အထိ ပါဝင်လာပြီး တိုးမြှင့်သင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ တွေ့ဆုံကာ နိုင်ငံတကာ သံတမန်အခင်းအကျင်းအကြောင်း ဆွေးနွေးရှင်းပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ Loikaw Local PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ လွိုင်ကော် မြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ အောက်တိုဘာလ ၂၃၊ ၂၀၂၄

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သာမြို့လယ်ခေါင် ဆက်ကြေးကောက်သည့် အကြမ်းဖက်စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်ငွေညှစ်ဖို့ လုပ်နေတဲ့ စစ်အုပ်စုတွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။
Read More

ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) မှ ရှေ့တန်းစစ်မြေပြင်များတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်း (၂) ၊ ရေးပြောက်ကျားတပ် (YGF) အနေနဲ့ စိုးမိုးနယ်မြေတွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။‎