စစ်ကိုင်းတိုင်း။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။

သြဂုတ် ၁၀ ရက်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးပြီး စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ ဖမ်းမိခဲ့သလို ၁၂ ဘီး ကား ၁ စီးနဲ့ FZ ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။

“ဖမ်းဆီးရမိတဲ့ သုံ့ပန်းကတော့ ခုနက တက်ရှင်းတဲ့ နေရာ ၃ခုမှာ ရွှေဂူဖြူဘုရား၊ သူတို့နဲ့ မလှမ်းမကမ်းနားမှာ ဝေ့လည်ကြောင်ပတ် အနေအထားပေါ့။ ကြည့်ရတာ မူးယစ်ဆေးဝါးတွေ သုံးထားပုံရတယ်။ ကြောင်တောင်တောင်တော့ ကြောင်တောင်တောင်ပဲ။ ဝိုင်းပြီးတော့ သေနတ်ကို လုပြီးတော့ ဖမ်းလိုက်ရတယ်” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုရဲ့ စစ်ကြောင်းမှူး ကိုကြွက်ကလေးက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းနဲ့အတူ အရာတော်မြို့နယ် ပကဖ၊ အရာတော် တိုက်နယ် ၉/ ၁၀/ ၁၁ အဖွဲ့တွေ၊ မုံရွာခရိုင် ဗျူဟာ ၆၆၊ PLA တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်ဖွဲ့နဲ့ မုံရွာမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သံတောင်-တောင်ငူလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၆ယောက်သေ (ရုပ်/သံ)

သံတောင်-တောင်ငူလမ်းပိုင်း၊ တောပြာကြီးလမ်းခွမှာ စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ယောက် သေဆုံးကာ ကားတစ်စီး တိမ်းမှောက်ပျက်စီးခဲ့တယ်လို့ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ Thawthikho က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီးပြီး ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပြည်သူတွေ လေကြောင်းရန် အထူးသတိပြုဖို့ SAF အသိပေး (ရုပ်/သံ)

နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကို ပြည်သူတွေ ကာကွယ်နိုင်ရေးအတွက် အသိပညာပေး သတင်းစကားတစ်ရပ်ကို ကျောင်းသားလက်ရုံးတပ်တော် SAF ရဲ့ ရဲဘော်တစ်ယောက်ဖြစ်တဲ့ ဟန်နီနွေဦးက ပြောကြားခဲ့ပါတယ်။
Read More

ဒီမော့ဆိုမြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် KSP ရဲဘော် ၅ ဦး ကျဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ကရင်နီပြည်ရဲဌာန (KSP) ကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် KSP ရဲဘော် ၅ယောက် ကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး စစ်အုပ်စု အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး ၁၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး တစ်နှစ်အကြာမှာ လမ်းပြန်လျှောက်နိုင်ခဲ့သည့် တော်လှန်ရေးရဲဘော် (ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော် ၁ ယောက်ဟာ တစ်နှစ်အကြာမှာ မတ်တပ်ပြန်ရပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ Mahauurar Dragon PDF က ထုတ်ပြန်ထားပါတယ်။