မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စစ်ကော်မရှင်ရဲ့ ခလရ (၅၀) တပ်က ဒုတပ်ကြပ်တစ်ယောက်ဟာ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးထံ လက်နက်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ်လ ၈ရက်နေ့မှာ ခလရ (၅၀) တပ်ရင်းက ဒုတပ်ကြပ်အဆင့်ရှိသူဟာ MA 11 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက် ၃ခု၊ ကျည် ၇၁ တောင့်၊ စကားပြောစက် ၂လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ဆီ ဆက်သွယ်လာပြီး ၅ရက်အကြာမှာ ရောက်ရှိခဲ့ပါတယ်ဗျ။ ကျနော်တို့ ရန်သူ့ကာကင်းနားအထိ သွားရောက်ပြီး ကြိုခဲ့ရပါတယ်ဗျ” လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံး ပြန်ကြားရေးတာဝန်ခံ ကိုနေက မောင်းကို ပြောပါတယ်။

ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံး ဖွင့်ပြီးချိန် အခုလို အလင်းဝင်ရောက်လာတာ ပထမဆုံးအကြိမ်ဖြစ်ပြီး လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ အဆိုပါ ဒုတပ်ကြပ်ကို ကျပ် သိန်း ၃၀ ချီးမြှင့်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“လက်ရှိအနေနဲ့ကတော့ သူ့သဘောဆန္ဒအရ တော်လှန်ရေးထဲ ဝင်ရောက်ပါဝင်ချင်တယ်ဆိုလည်း လက်ခံသွားဖို့ ရှိတယ်၊ ဒါမှမဟုတ် ဆန္ဒမရှိတော့ဘူး လွတ်မြောက်ဒေသကို ပို့ပေးပါဆိုလည်း ပို့ပေးသွားဖို့ ရှိပါတယ်ဗျ” လို့ ပြန်ကြားရေးတာဝန်ခံ ကိုနေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်ကနေ ပုလဲမြို့နယ်အတွင်း ခိုလှုံနေတဲ့ အမြဲစစ်ရှောင်တွေကို ပုလဲ ပအဖ သွားရောက်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံနဲ့အတူ သစ်တောတာဝန်ခံ၊ မြို့နယ်ပအဖအဖွဲ့ဝင်တွေ၊ ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ မြို့နယ် ပလဖအဖွဲ့တွေ၊ တိုက်နယ်ပအဖ လူသားစာနာတာဝန်ခံ၊ တိုက်နယ်ပကဖ တာဝန်ခံနဲ့အဖွဲ့ဝင်တွေ၊ ကျောတိုက်နယ် အပဖ၊ ပကဖ တွေက ဂန်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ် ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဒုတပ်ကြပ်တစ်ယောက် လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDM အမျိုးသမီး ဆရာဝန်တစ်ဦးကို မင်းကင်း ပလဖ အင်အားသုံး လက်ထိပ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးမွမ်းမံ သင်တန်းဆင်းပွဲ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် ဆွမ်းသွပ် တရားနာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် အခမ်းအနားနဲ့အတူ နှစ်ပြည့်ဆွမ်းသွပ် တရားတော်နာကြားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။