မြန်မာပြည်က အကျဉ်းစခန်းတွေမှာ စနစ်တကျ ညှင်းပန်းမှုတွေ လုပ်ဆောင်နေတဲ့ ထင်ရှားတဲ့ အထောက်အထားတွေ တွေ့ရကြောင်း ကုလသမဂ္ဂနောက်ခံပြု စုံစမ်းစစ်ဆေးရေးအဖွဲ့က ဩဂုတ်လ ၁၂ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။

သူတို့အဖွဲ့က ဖော်ထုတ်ခဲ့တဲ့ အထောက်အထားတွေထဲ ပြီးခဲ့တဲ့နှစ်အတွင်း အကျဉ်းစခန်းတွေမှာ လျှပ်စစ်ရှော့တိုက်တာတွေ၊ လည်ပင်းညှစ်တာတွေ၊ အုပ်စုဖွဲ့မုဒိမ်းကျင့်တာတွေနဲ့ လိင်အင်္ဂါတွေကို မီးရှို့တာတွေကို ကျူးလွန်ခဲ့ကြကြောင်း ပြောဆိုထားပါတယ်။

ဇွန်လ ၃၀ ရက်နေ့အထိ တနှစ်တာအတွင်း စုံစမ်းစစ်ဆေးမှုတွေကို ထုတ်ပြန်တဲ့ အင်္ဂါနေ့က နှစ်ပတ်လည်အစီရင်ခံစာအရ အဖွဲ့ကို ဦးဆောင်တဲ့ Nicholas Koumjian က ပြောဆိုခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

ထိန်းသိမ်းရေးစခန်းတွေထဲက လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ “တိုက်ပွဲဝင်တွေ သို့မဟုတ် အရပ်သားပြည်သူတွေကို သတင်းပေးအဖြစ် စွပ်စွဲပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့ ကျူးလွန်သူတွေ”ကို ဖော်ထုတ်ဖို့ အဖွဲ့အနေနဲ့ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။ ကျူးလွန်သူတွေထဲမှာ စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ၊ သူတို့နဲ့ဆက်စပ်တဲ့ ပြည်သူ့စစ်တွေနဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပါတယ်။

၂၀၁၇ ခုနှစ်ဇွန်လနှင့် စက်တင်ဘာလတွင် မြန်မာစစ်တပ်အဖွဲ့ဝင်များက သူမအား မုဒိမ်းကျင့်ခံရသည်ဟု ပြောသော F၊ အသက် ၂၂ နှစ်၊ ယခု ဓာတ်ပုံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည် စခန်းရှိ သူမ၏တဲတွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ဓာတ်ပုံရိုက်ထားသည်။ (ဓာတ်ပုံ Wong Maye-E/ AP)

အစီရင်ခံစာထဲမှာ “ရိုက်နှက်တာတွေ၊ လျှပ်စစ်ရှော့တိုက်တာတွေ၊ လည်ပင်းညှစ်တာတွေ၊ အုပ်စုဖွဲ့မုဒိမ်းကျင့်တာတွေ၊ လိင်အင်္ဂါမီးရှို့တာတွေနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် မြန်မာပြည်က အကျဉ်းစခန်းတွေထဲ မှတ်တမ်းတင်ထားတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို အသေးစိတ်ဖော်ပြထားတယ်” လို့ သူ့ရဲ့ တွေ့ရှိချက်အကျဉ်းထဲမှာ ဖော်ပြထားပါတယ်။

“ကျနော်တို့ရဲ့ အစီရင်ခံစာက မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှု အကြိမ်ရေနဲ့ ပြင်းထန်မှုတွေ ဆက်တိုက်တိုးလာတာကို မီးမောင်းထိုးပြနေတယ်” “ပြစ်မှုကျူးလွန်သူတွေအနေနဲ့ သူတို့လုပ်ရပ်အတွက် တရားရုံးမှာ ထွက်ဆိုရမယ့်နေ့ကိုရောက်ဖို့ ကျနော်တို့ လုပ်ဆောင်နေပါတယ်” လို့ Koumjian က ပြောပါတယ်။

“မြန်မာပြည်က အကျဉ်းစခန်းတွေထဲ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေကြောင်း ပြသနေတဲ့ မျက်မြင်သက်သေတွေ အပါအဝင် သိသာထင်ရှားတဲ့ အထောက်အထားတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

မူရင်းသတင်း – UN-backed investigators allege torture and sex crimes in Myanmar detention facilities

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ၄ယောက် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထိုင်း ပြော

မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။
Read More

မြန်မာကလေး ၂၀၀ နီးပါး ပညာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအစိုးရ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သက်ဆင်ကို အာဆီယံအလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်ကြောင်း မလေးဝန်ကြီးချုပ်ကြေညာ

မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read More

ပြည်တွင်းသုံးငွေနဲ့ နှစ်နိုင်ငံကုန်သွယ်ဖို့ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်ကောင်စီနဲ့ အိန္ဒိယဆွေးနွေး

အိန္ဒိယနဲ့ မြန်မာအကြား ရူပီးနဲ့ ကျပ်ငွေကတဆင့် နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ဖို့ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်ကောင်စီနဲ့ အိန္ဒိယတို့ ဆွေးနွေးခဲ့ကြတယ်လို့ The Economic Times က ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။