စစ်ကော်မရှင်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို People’s Defence Force-Meikhtila က ထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းကို ဒရုန်းနဲ့ ကင်းထောက်ရိုက်ကူးခဲ့တာဖြစ်ပြီး စစ်ကော်မရှင်စစ်ကြောင်းက ကြိုးတုပ်ထားတဲ့ လူတချို့ကို ရှေ့ကနေ ပြေးခိုင်း၊ နောက်ကနေ သေနတ်ကိုင် အကာအကွယ်ယူကာ ပြေးတက်လာတဲ့ စစ်သားတွေကို တွေ့မြင်ရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် ၃၁၇ အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အနီးရှိရွာက အရပ်သားတွေကို စစ်ကော်မရှင်က ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရတဲ့ အရပ်သားတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတိအကျမသိရဘဲ တိုက်ပွဲအတွင်း အရပ်သားတွေ ပါဝင်နေတာ သိသိချင်း တိုက်ပွဲကို ရပ်နားခဲ့ကြောင်း မိတ္ထီလာခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။

Video-People’s Defence Force-Meikhtila

0 Shares:
You May Also Like
Read More

စက်ချို့ယွင်းနေသည့် စစ်ကောင်စီ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စက်ချို့ယွင်းနေတဲ့ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့ရှင်းလင်းခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ၂၀၂၄ နိုဝင်ဘာ ၉ ရက်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ဧပြီလမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ချင်းညီနောင်က အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းကြောသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ ၁၅ ရက်ကြာ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ကျောက္ကာလမ်းကြောကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဇန်နဝါရီ ၅ ရက်ကနေ ၁၉ ရက်အထိ ၁၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ  မြို့နယ်ထောက်ပို့တာဝန်ခံ ရဲဘော်မှန်လေးရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force – Kanpetlet အလံတော်လွှင့်ထူ (ရုပ်/သံ)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force - Kanpetlet အလံတော်ကို လွှင့်ထူခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းပြန် တိုက်ပွဲဝင်ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို‌အောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF – ARMY ထုတ်ပြန် (ရုပ်/သံ)

စစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းပြီး နေရပ်ပြန်လာကြတဲ့ ရှေ့တန်းပြန် ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုအောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF - ARMY က မနေ့က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။