တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကိုခြေကုပ်ယူဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က မနေ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၀ ရက် မနက်ပိုင်းက တနင်္သာရီမြို့နယ် တမုတ်ချုံးရွာကို ခြေကုပ်ယူဖို့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မွန်းလွဲပိုင်းမှာတော့ အကြမ်းဖက်စစ်သားတွေ တပ်ပြန်ဆုတ်သွားပြီး လယ်တောင်ယာရွာမှာ ရှိနေတဲ့ စစ်သားတွေနဲ့ ပူးပေါင်းက ပြန်လည် ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ သိရပါတယ်။

၆ နာရီခွဲခန့် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က စစ်သား ၆ ယောက် သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၁၅) ယောက်အထက်ရှိတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်ခရိုင်အမှတ်(၂)တပ်ရင်း တပ်ခွဲ(၂)၊တပ်ခွဲ (၃) တို့ ပူးပေါင်း‌တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူး‌ပေါင်းတပ်က ရဲဘော်(၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ရဲဘော်(၁) ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းမှာ စစ်တပ်စစ်ကြောင်း အသင့်စောင့်ဆိုင်းတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအပါ ၁၀ ယောက်ကျော်သေပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်သေဆုံးသူ များခဲ့ကြောင်း သိရပါတယ်။
Read More

BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌စာတမ်းထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် အားကစားပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်မှာ ထုတ်ပြန်ခဲ့ရာ မူဝါဒရပ်တည်ချက် ထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အားကစားပွဲကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ မဟာမိတ်တပ်တွေနဲ့အတူ ဇန်နဝါရီ (၄)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးရိုးမထဲကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

“တကယ်တော့ သူတို့က တပ်ကျိုးသွားတယ် ပြောရမယ် စစ်ကြောင်းစတက်လာကတည်းက မုက္ခာဆည်မှာ ရေဆင်းကူ;တဲ့ စခ ၁ကောင် မြွေကိုက်သေပြီး ၁ကောင်က ရေနစ်သေထားတာ အဲ့တာကို အင်အားထပ်ဖြည့်ပြီး တက်လာတာ… အဲ့တာကို စောင့်ကြိုတိုက်ပါ”
Read More

အာဇာနည်နေ့ အထိမ်းအမှတ် စစ်ကောင်စီအထိုင်စခန်းကို ၆၀ မမ စိန်ပြောင်း၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မနေ့ကကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာမှာ  အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အဝေးပစ် ၆၀ မမစိန်ပြောင်းအပြင် ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF  က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရင်း Loikaw Local PDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။