ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ (၅၀)နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

(၅၀)နှစ်ပြည့်ကချင်အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားမှာတော့ KNU မှ ပညာရေးတာဝန်ခံ Saw Law Eh Moo၊ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် စောဘလှသိန်း၊ အထူးဧည့်သည်တော်အဖြစ် Kachin Political Interim Coordination Team – КРІСТ ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် NSANG GUM SAN၊ တိုကျိုအခြေစိုက် မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက တာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၇၀၃ (မီးနဂါးတပ်ဖွဲ့) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး သူ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း AA စစ်ဦးစီးချုပ် ပြောဟု ဆို…

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။" လို့ ရေးသားထားတာပါ။
Read More

ကိုးပင်-သာဂရလမ်းပိုင်းတွင် ဂိတ်အချိန်းအပြောင်းလုပ်သည့် စစ်သားများ မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအပါ ၈ ဦး သေပြီး ၁၁ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ကိုးပင်-သာဂရလမ်းပိုင်းမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြိုမိုင်းဆွဲခံရပြီး ဗိုလ်ကြီးအဆင့်ရှိအပါ ၈ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၁ယောက်အထိရှိခဲ့ကြောင်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။