တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တွေက ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ စစ်တပ် လက်အောက်ခံ ပျူစောထီး အထိုင်စခန်းကုန်းကို ဩဂုတ်လ ၁၂ ရက် ညနေပိုင်းမှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပဲ့တိုင်ကျေးရွာအရှေ့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘောကလည်း လက်နက်ကြီးတွေနဲ့ ပျူစောထီးအဖွဲ့ကို ပစ်ကူပေးခဲ့တယ်လို့ ကျွန်းစု ပကဖ က ဆိုပါတယ်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု (၁) နာရီနီးပါး ကြာမြင့်ပြီးနောက် ကျွန်းစု ပကဖ တပ်ဖွဲတေင်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ကျွန်းစုမြို့နယ် ပကဖ ရဲဘော်တစ်ယောက် (မစိုးရိမ်ရ) ဒါဏ်ရာရရှိခဲ့ပြီး ပျူစောထီးတွေ ထိခိုက်သေဆုံးမှုကိုတော့ အတည်ပြုနိုင်အောင် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အထက်ခပေါင်းဆည်ရေလွှဲ တမံစခန်းကို PDF များဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၁၁ ဦး သေပြီး စခန်းနှင့် လက်နက်ခဲယမ်းများကို PDF ရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကအကြမ်းဖက်စစ်အုပ်စုရဲ့ အထက်ခပေါင်းဆည် ရေလွှဲတမံစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၁ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ A.D.G Brothers တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

တမူခုန်းရွာက ပြည်သူ့စစ်အဖွဲ့ဝင်တချို့ သေနတ် အလက် ၃၀ နဲ့အတူ KIA ထံ အလင်းဝင်

ပန်ဝါနဲ့ ကန်ပိုက်တီကြားမှာရှိတဲ့ တမူခုန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံလုပ်နေတဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့က ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ဦးဆောင်ပြီး သေနတ်အလက် (၃၀)နဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံ အလင်းဝင်ရောက်လာကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်ချုပ်ရေးယန္တရားရှိရာ တောင်ဒဂုံမြို့နယ် တရားရုံးကို အဝေးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က စစ်အုပ်စုလက်အောက်ခံ တရားရုံးကို (ဇွန်လ ၇ရက်) မနေ့ညပိုင်းမှာ အဝေးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

x ဘားအံထောင်တွင် တိုက်ပိတ်ခံရရင်း ညှင်းပန်းရိုက်နှက်မှုကြောင့် နိုင်ကျဥ်း ၁ ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ယောက်ကို ၃လတာ တိုင်ပိတ်ထားပြီးနောက် သူတို့ထဲ နိုင်ငံရေးအကျဉ်းသား ၁ယောက်ဟာ ထောင်ပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။