PRF – People’s Revolution Supply Family စတင်တဲ့ ၂၀၂၂ ဒီဇင်ဘာကနေ ဒီကနေ့အထိ လစဉ်မပျက်မကွက် ထောက်ပို့ပေးကြတဲ့ PRF တပ်သားတွေကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။

”ဘယ်အလုပ်မှာပဲဖြစ်ဖြစ် အလုပ်တခုပြီးမြောက်အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးအချက်က စွဲမြဲမှု၊ တစိုက်မတ်မတ်ရှိမှု ဖြစ်ပါလိမ့်မယ်။ ဒီလိုတာဝန်တွေကို ကျေပွန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြတဲ့ တော်လှန်ပြည်သူတွေဟာ အမြဲဂုဏ်ပြုလေးစားရမယ့် ရဲဘော်ရဲဘက်တွေ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

PDF တပ်ရင်း တပ်ဖွဲ့တွေကို အရင်က အကြိမ်ရေနဲ့ ထောက်ပံ့ခဲ့ရာကနေ ပြီးခဲ့တဲ့ ဇွန်လကစပြီး လစဉ်ထောက်ပံ့နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

PRF အစီအစဉ်မှာ ဆက်လက်ပါဝင်ခြင်းအားဖြင့် PDF ရဲဘော်တွေ လိုအပ်နေတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ခွန်အားတွေကို ဆက်လက်ပြီး ချီးမြှင့်ပေးကြဖို့ ဦးရည်မွန်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Video – PRF-People’s Revolution Supply Family

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေး (ရုပ်/သံ)

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မှန်ချိုကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း သင်တန်းနည်းပြတွေရဲ့ ကြီးကြပ်မှုနဲ့ သင်တန်းဆင်းမယ့် ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်း (ရုပ်/သံ)

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက သင်တန်းနည်းပြတွေရဲ့ ကြီးကြပ်မှုနဲ့ သင်တန်းဆင်းမယ့် ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေ အကြောင်းမဲ့ဝင်‌ရောက်မီး ရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။