အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။

သြဂုတ် ၁၂ ရက်က ကွာလာလမ်ပူမှာ တရားဝင် ဆွေးနွေးမှုအပြီး ဘင်္ဂလားဒေ့ရှ် အကြံပေးအရာရှိချုပ် မိုဟာမက်ယူနွတ်စ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပါမောက္ခယူနွတ်စ်က ရိုဟင်ဂျာပြဿနာဟာ ဘင်္ဂလားဒေ့ရှ်အတွက် အဓိကစိန်ခေါ်မှုတရပ်ဖြစ်ပြီး အကျပ်အတည်းကို ကိုင်တွယ်ရာမှာ မလေးရှားရဲ့ အကူအညီလိုကြောင်း ပြောဆိုခဲ့ပါတယ်။

“ရိုဟင်ဂျာကိစ္စ ခင်ဗျားလည်း ပြောသွားခဲ့တယ်။ ကျနော်တို့အတွက် ပြဿနာကြီးပါ။ အထူးသဖြင့် အာဆီယံနိုင်ငံတွေရဲ့ ဥက္ကဋ္ဌအနေနဲ့ မလေးရှားဆီကနေ အကူအညီတောင်းပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ မိတ်ဆွေကောင်း မလေးရှားဆီက ရနိုင်တဲ့ အကူအညီအားလုံးကို လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။

အဓမ္မနေရပ်ရွှေ့ပြောင်းခံခဲ့ရတဲ့ ရိုဟင်ဂျာ တသန်းကျော်ကို လက်ခံဆောင်ရွက်ပေးနေရတာကြောင့် “ဘင်္ဂလားဒေ့ရှ်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်မှု” ကို စိုးရိမ်ကြောင်း အန်ဝါက ပြောပါတယ်။

“ဒေသဆိုင်ရာ ကိစ္စတွေမှာတော့ တကယ့်ကိုများပြားလှတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကျွေးမွေးထားရတဲ့ ဘင်္ဂလားဒေ့ရှ်အပေါ်က ဝန်ထုပ်ဝန်ပိုးအတွက်လည်း ကျနော်တို့အနေနဲ့ စိုးရိမ်မိတယ်” လို့ သူက ပြောတာပါ။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေးက မလေးရှားနိုင်ငံအတွက် ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒုက္ခသည်တွေနဲ့ သဘာဝဘေးကြောင့် နစ်နာရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားဖို့ရှိကြောင်း အန်ဝါက ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာ ၇သိန်းခွဲခန့် ရခိုင်ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခိုလှုံခဲ့ရာမှာ လက်ရှိ ဒုက္ခသည်ဦးရေဟာ တသန်းကျော်အထိ တိုးလာတယ်လို့ သိရပါတယ်။

မူရင်းသတင်း – Joint ASEAN team to visit Myanmar to push for peace: Malaysian PM

0 Shares:
You May Also Like
Read More

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့် အနိုင်ရမိန့်ခွန်းပြော

၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။
Read More

လွှတ်တော်အမတ် အီဂန်းအီလ်နဲ့ တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။
Read More

မြန်မာနိုင်ငံကို မြေပြင်ဆေးအဖွဲ့စေလွှတ်မည့် အစီအစဉ် စစ်ကောင်စီတောင်းဆိုချက်ကြောင့် မလေးရှား ဆိုင်းငံ့ထား

မြန်မာပြည်မှာ မြေပြင်ကွင်းဆင်းဆေးရုံတစ်ခု တည်ဆောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ မလေးရှားကနေ ဆေးဘက်အရာရှိတွေ စေလွှတ်မယ့် အစီအစဉ်ကို စစ်ကောင်စီတောင်းဆိုချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၁၇ ရက်မှာ ပြောပါတယ်။
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။