တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၁၃ ရက် မနေ့က မနက်ပိုင်းနဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်း (၄၀၉)၊ (၄၁၀) နဲ့ (၂၈၂) တို့ စစ်ကြောင်းထိုးလာရာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်ကျေးရွာအနီး ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က (၁၄) ယောက် သေဆုံးပြီး (၁၅) ယောက် ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်တွေဘက်ကလည်း ရဲဘော် (၁၀) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ ရာမညမွန်တပ်တော် (RMA) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ (MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ (KTLA) ကြယ်လင်းရောင်တပ်ရင်း၊ နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါနတပ်ရင်း (၂) (YGF) နဲ့ ဒေါနတပ်ရင်း (KBDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်ကင်းပုန်းကို MBT ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းရဲ့ ကင်းပုန်းကို တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လက်လွှတ်လိုက်ရသည့် ဒေသများကို ဦးစားပေး အရှိန်မြှင့်တိုက်ခိုက်နေ

စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဦးစားပေးပြီး အရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  (HRW) က ထုတ်ပြန်လိုက်ပါတယ်။
Read More

အတင်းအဓမ္မ ပြန်လည်စုဆောင်းခံရသည့် တပ်ကြပ်အပါအဝင် စစ်မှုထမ်း ၂ ဦး ရှေ့တန်းတွင် ထွက်ပြေးအလင်းဝင်

သြဂုတ်လဆန်းပိုင်းကစလို့ မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲထဲကနေ စစ်မှုထမ်း ၂ ယောက် ထွက်ပြေးကာ အလင်းဝင်လာခဲ့တယ်လို့ Northwest Plains Revolutionary Forces – NPRF က ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ် – ရေးလမ်းမကြီးပေါ်က စစ်တပ်ဂိတ်စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်၊ ၅ ယောက်ထက်မနည်း သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ် - ရေးလမ်းမကြီးပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ထုတ်ပြန်ထားပါတယ်။
Read More

ဆေးဝါးကုသရေး ခက်ခဲသည့်နေရာများမှ ပြည်သူလူထုကို တပ်ကုန်းမြို့နယ် PDF ဆေးဝါးကုသမှုပေးနေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနခွဲ၊ နေပြည်တော် တပ်ရင်း ၈၀၃ - တပ်ကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆေးဝါးကုသရေး ခက်ခဲတဲ့နေရာတွေမှာ ပြည်သူလူထုကို ဆေးဝါးကုသမှုပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။