စစ်ကော်မရှင်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို People’s Defence Force-Meikhtila က ထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းကို ဒရုန်းနဲ့ ကင်းထောက်ရိုက်ကူးခဲ့တာဖြစ်ပြီး စစ်ကော်မရှင်စစ်ကြောင်းက ကြိုးတုပ်ထားတဲ့ လူတချို့ကို ရှေ့ကနေ ပြေးခိုင်း၊ နောက်ကနေ သေနတ်ကိုင် အကာအကွယ်ယူကာ ပြေးတက်လာတဲ့ စစ်သားတွေကို တွေ့မြင်ရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် ၃၁၇ အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အနီးရှိရွာက အရပ်သားတွေကို စစ်ကော်မရှင်က ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရတဲ့ အရပ်သားတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတိအကျမသိရဘဲ တိုက်ပွဲအတွင်း အရပ်သားတွေ ပါဝင်နေတာ သိသိချင်း တိုက်ပွဲကို ရပ်နားခဲ့ကြောင်း မိတ္ထီလာခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။

Video-People’s Defence Force-Meikhtila

0 Shares:
You May Also Like
Read More

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် ဓာတုဓာတ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင် 

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က တော်လှန်ရေးရဲဘော်တွေကို ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Karenni Democratic Front က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စလင်းမြို့နယ် သစ်ခေါက်တောင်ရွာကင်းစခန်းကို လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်

မကွေးတိုင်း စလင်းမြို့နယ် သစ်ခေါက်တောင်ရွာမှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကင်စခန်းကို နိုဝင်ဘာ ၂၂ ရက် မနေ့က လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerilla အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုးနယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ တောင်သာ PDF မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA-PDF) မှ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုး နယ်မြေတွေအား ထိန်းချုပ်နိုင်ဖို့ အပတ်စဉ် (၉)အတွက် တပ်သားသစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

Southern YSO PDF မှာ နတ်မိကျောင်း စစ်ဆင်ရေး စစ်ကြောင်း (၁) ရဲဘော်အယောက် ၃၀ အတွက် ကျည်ကာဝတ်စုံတပ်ဆင်ပေး (ရုပ်/သံ)

Southern YSO PDF မှာ ရှေ့တန်းရဲဘော်တွေရဲ့ အသက်လုံခြုံရေးအတွက် ရဲဘော်အယောက် ၃၀ စာ ကျည်ကာဝတ်စုံတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြောင်မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

လေထီးမပွင့်ဘဲ သေဆုံးမှုတွေ ရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လေထီးခုန် အင်အားဖြည့်တင်းမှု (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးကာ အင်အားဖြည့်တင်းလျက်ရှိတယ်လို့ သိရပါတယ်။