ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ (၅၀)နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

(၅၀)နှစ်ပြည့်ကချင်အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားမှာတော့ KNU မှ ပညာရေးတာဝန်ခံ Saw Law Eh Moo၊ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် စောဘလှသိန်း၊ အထူးဧည့်သည်တော်အဖြစ် Kachin Political Interim Coordination Team – КРІСТ ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် NSANG GUM SAN၊ တိုကျိုအခြေစိုက် မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက တာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့ဟု ထုတ်ပြန်

စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိပြီး အကြမ်းဖက်စစ်တပ်အဖွဲ့ဝင် ၄၀ ကျော်လက်နက်ချ အညံ့ခံခဲ့တဲ့ တနင်္သာရီတိုင်းအတွင်းက မောတောင်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းတွေ အဓိက တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ PLA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်ရေးဇုန်ရှိရာ မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( KNLA) ၊ ကော်သူလေးတပ်မတော် (KTLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ တနင်္သာရီတိုင်း(ပကဖ)၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က နိုဝင်ဘာ ၁၀ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Read More

မြဝတီမြို့မှာ BGF ကားနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ကလေးငယ်အပါဝင် ၂ ယောက် သေဆုံးကာ BGF ကား မောင်းပြေးသွား..

ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းပေါ်က ရတနာ ထမင်းဆိုင်အရှေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူအမျိုးသမီး နဲ့ ဆိုင်ကယ်ပေါ် ပါလာတဲ့ အသက် ၁၃ နှစ်ရှိတဲ့ ကလေးငယ်တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ BGF ကားက ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြောက်ဦးကို စစ်ကော်မရှင် လေကြောင်းတိုက်လို့ မိသားစုဝင် ၆ ဦးအပါ ၁၂ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

Y.R.F ပကဖ ဆီ အလင်းဝင်လာတဲ့ ရဲ ၂ ယောက်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ ပြောဆို…

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၂ ယောက်က လက်နက်ကိုယ်စီနဲ့ အလင်းဝင်ရောက်လာပြီး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိတယ်လို့ ပေါက်တောင်ပိုင်း၊ Young Revolution Front ပ.က.ဖ အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။