ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေရောက်ရှိနေတယ်လို့ သတင်းရတဲ့အတွက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) တပ်ဖွဲ့က တိုက်ခိုက်ဖို့အတွက် သွားခဲ့ပါတယ်။

ဩဂုတ်လ ၁၁ ရက် ည ၁ နာရီလောက်မှာ အဆိုပါ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေကို တိုက်ခိုက်ဖို့သွားချိန် ပျူစောထီး ၂ ယောက်ဖြစ်တဲ့ ကိုဖြိုးနဲ့ ဖြိုးဝေအောင် ကို တွေ့ရှိခဲ့ပြီး အဖမ်းခံဖို့ ပြောဆိုစဥ် လက်မခံဘဲ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ပျူစောထီး ကိုဖြိုး နေရာမှာ ပွဲချင်းပြီးသေဆုံးကာ ပျူစောထီး ဖြိုးဝေအောင်ကတော့ ဒဏ်ရာနဲ့ ထွက်ပြေးရင်း လယ်ကွင်းထဲမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ပစ်ခတ်မှုက ပျူစောထီး ကိုဖြိုးအိမ်ရှေ့မှာပါ။ ပျူစောထီး ကိုဖြိုးအိမ်မှာ စခတွေနဲ့ ပျူတွေ ရောက်နေတယ်ဆိုတဲ့ သတင်းကို ဖရဲသီးက သတင်းပေးလို့သွားတာပါ။ သေတဲ့ပျူ ၂ယောက်စလုံးက ကံကြီးရွာကပဲ၊ ၁ယောက်က ထွက်ပြေးရင်း လယ်ထဲမှာသေနေတာ ၊ သူတို့ဆီကနေ ဖုန်း ၁လုံးပဲ သိမ်းဆည်းရတယ်” လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်း ကိုပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာလည်း ဦးစာကြီးကုန်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပေမယ့် ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသာမက စစ်ကောစီထောက်တိုင်တွေကိုပါ အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ၄င်းတို့အနီး သွားလာနေထိုင်ခြင်းတွေ လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ABSDF ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲနဲ့အဖွဲ့က ABSDF ရဲဘော်တွေကို နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေ ရှင်းလင်းပြောကြား… (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ရဲဘော်ဆန်နီ၊ ရဲဘော်ကျော်ကျော်လင်းတို့က ABSDF - မကဒတ ဌာနချုပ်ရှိ ရဲဘော်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

NMSP-AD နဲ့ MLA တပ်တွေ ပူးပေါင်းပြီး ရာမညမွန်တပ်တော် အနေနဲ့ ဆက်ရှိသွားမည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP(AD) ရဲ့ တပ်ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ကို ပေါင်းစည်းပြီး “ဒပ်မန်ရာမည-ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ မေလ၂၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ဒေသခံ အများအပြားဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရင်း စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
Read More

မကွေးတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင်ကလေးတွေ ပညာသင်ဖို့ ကျောင်းဆောင်အသစ်တွေ ဆောက်လုပ်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားဖို့ စာသင်ကျောင်းဆောင်တွေကို ဒေသခံပြည်သူတွေ ပူးပေါင်းဆောက်လုပ်နေကြကြောင်း သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တိုက်ပွဲများတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနှင့် တပ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

တလုပ်မြို့ရွာတွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ထိခိုက်သူများလည်း ရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ရာ ၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။