ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ဩဂုတ်လ ၁၂ ရက်နေ့မှာ စစ်ကော်မရှင်တပ်တွေက ဓားသွေးကျောက်ရွာကို မီးတင်ရှို့ခဲ့တယ်လို့ သိရပါတယ်။ 

ဓားသွေးကျောက်ရွာ မီးရှို့ခံထားရမှုကို အဝေးမှ မြင်တွေ့ရပုံ

 “စစ်ရှောင်တွေကများပါတယ်။ မိုးတွေကလည်းရွာ၊ ဒီကောင်တွေကလည်း ဒရုန်း ၅စီးနဲ့ ပတ်ဝဲနေတာဆိုတော့ ကျနော်တို့လည်း ကူညီဖို့ အတော်လေးခက်နေတယ်။ အဆင်ပြေသလို ရှောင်ပုန်းနေကြရတယ်” လို့ ပြည်ခရိုင်စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။  

ဒီနေ့ ဩဂုတ်လ ၁၄ ရက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ ရုန်းပင်တက်ရွာနဲ့ ကြက်တိုက်ရွာတို့ကို မီးရှို့မှုတွေ ဆက်လက်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ 

“ရုန်းပင်တက်ရွာ မီးတို့နေတယ်… ကြက်တိုက်ရွာ အိမ်တွေကို ထုနေတယ်။ ၂ ရွာပေါ့… အရင်ရက်က ဓားသွေးကျောက် အခုရက် ရုန်းပင်တက်ရွာနဲ့ ကြက်တိုက်ရွာ။ ကျနော်တို့မှာ လက်နက်မရှိတော့ မီးခိုးတွေ ထိုင်ကြည့်နေရတယ်ဗျာ… တောထဲပြေးတဲ့ သူကပြေး မြို့ထဲ ပြေးတဲ့သူကပြေးနဲ့ ရွာလုံးကျွတ်ကို ရှောင်နေကြရတယ်” လို့ သူကဆိုပါတယ်။ 

စစ်ကော်မရှင်တပ်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့ နေအိမ်က ပစ္စည်းတွေကို ပြောင်ပြောင်တင်းတင်း ခိုးယူသယ်ထုတ်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့‌နေရသည်ကို ဝမ်းနည်းမိဟု လက်သည်တရားခံ မင်းအောင်လှိုင် ပြော

မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စဥ့်ကူးမှာ ​ငလျင်ကြောင့် သေဆုံးသူ ၃၆ ဦးနှင့် ပြင်းထန်ဒဏ်ရာရသူ ၂၀ ဦးအပါ ၉၀ ဦး ဒဏ်ရာရ… မတ္တရာမှာ မြို့ပေါ်ကမပါဘဲ သေဆုံးသူ ၈ ဦးရှိပြီး သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရသူ ၁၇ ဦးရှိ…

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်(မြို့ပေါ် မပါ) တွေမှာ ပြင်းထန်ငလျင်ကြောင့် ၄၄ ယောက် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ အယောက် ၂၀ အပါအဝင် ၁၀၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်မြို့နယ်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

NUG ကို တရားဝင် ပြည်သူ့အစိုးရအဖြစ် ILO မှတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ထိုက်သင့်သည့်အောင်မြင်မှု ရရှိနေပြီဟု ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေရာ ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ၃ နှစ်ပြည့် ဆွမ်းကျွေးအမျှဝေအလှူ… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက်၊ ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံး ရဲ‌‌‌ဘော် ၂ ယောက်ရဲ့ (၃) နှစ်ပြည့် ဆွမ်းကျွေး အမျှပေးဝေအလှူ ပြုလုပ်ခဲ့တယ်လို့ Khut Daung Company Saw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ နိုင်ငံရဲ့ တော်လှန်ရေးသမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေးလှိုင်းလုံးကြီးဖြစ်တယ်လို့ NUG ယာယီသမ္မတ ပြော

လက်ရှိနွေဦးတော်လှန်ရေးလှိုင်းလုံးဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ (၅) ဌာနချုပ်အနီးတဝိုက်ကိုစစ်ကောင်စီကအောက်တိုဘာ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။