ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၁၄ရက် ဒီနေ့ နေ့လယ် ၁နာရီဝန်းကျင်လောက်မှာ စစ်ကော်မရှင်တပ်က ရှရော်ခရွာ ရဝမ်ကုန်းကို ဒရုန်းနဲ့ ဗုံးသီးလာရောက် ကြဲချခဲ့ရာ ထန်ရှမ်းခိုင် (၁၆) နှစ် ခါးဘယ်ခြမ်းထိ၊ ဦးဝင်းနိုင် (၅၂) နှစ် ညာပေါင်ထိ၊ ဦးရဲနိုင် (၅၆) နှစ် ခန္ဓာကိုယ်အနှံ့ထိ၊ ကိုထူးကျော် (၅၇) နှစ် ညာခြေထောက်ထိခိုက်နဲ့ ကိုတင်ထွဋ် (၅၀) နှစ်တို့ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

“ဒရုန်းလာတဲ့အချိန် ရွာသားတွေက မြင်တယ်။ တစ်ယောက်လည်း အဲဒါကို စွန်ပေါ့။ တစ်ယောက်ကလည်း အဲဒါစွန်မဟုတ်ဘူး၊ အရွက်ခူးနေရင်း ပြောရင်း သိပ်မကြာလိုက်ဘူး။ အသံတစ်ချက်ကြားလိုက်တယ်။ ထိခိုက်တဲ့သူတွေကတော့ မိသားစုဝင်တွေတော့မဟုတ်ကြဘူး။ အဲ့ထဲမှာ Grade – 10 ကျောင်းသား တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ခါးကိုဖောက်ဝင်တာဖြစ်တဲ့အတွက် သူက တော်တော်လေးစိုးရိမ်ရတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

သြဂုတ်လ ၁ ရက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ရှရော်ခရွာထိပ်ရှိ ညောင်ပင်ကုန်းမှာ အထိုင်ချထားတဲ့ KIA ၊ KPDF တပ်တွေဟာ သြဂုတ်လ ၂ ရက်နေ့မှာ အဆိုပါ နေရာကနေဆုတ်ခွာပေးခဲ့ရပါတယ်။

အဲဒီနောက် သြဂုတ် ၃ ရက်နေ့မှာ အဆိုပါနေရာကို ပြန်လည်သိမ်းပိုက်ယူဖို့အတွက် စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သြဂုတ်လ ၄ ရက်နေ့မှာတော့ ရှရော်ခရွာထိပ်ရှိ ညောင်ပင်ကုန်းကို KIA ၊ KPDF တပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီနေ့အထိ အရင်လို ထင်ထင်ပေါ်ပေါ်တပ်စွဲပြီး နေထိုင်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“လက်ရှိမှာတော့ KIA ၊ KPDF က ပြန်လည်ရရှိထားတယ်။ ရရှိထားပြီးတော့ ကုန်းပေါ်မှာတော့ ပေါ်ပေါ်ထင်ထင်မဟုတ်တော့ဘဲနဲ့ တပ်ဖျောက်ပြီးတော့ နေရာယူထားတာမျိုးပေါ့။ လက်ရှိ အဲ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ငြိမ်နေတဲ့ အနေအထားရှိတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

သြဂုတ်လ ၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့ရာ မျောက်ဖြူရွာထဲ ကျရောက်ပေါက်ကွဲပြီး ၅ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ကြဲချသည့် ဗုံးသီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

အုတ်တွင်းမှာ ကင်းလှည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ ကင်းလှည့်အဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ ထံက သိရပါတယ်။ 
Read More

မြင်းမူတွင် စစ်ကောင်စီက ရွာ၂ ရွာကို အင်အားအလုံးအရင်းဖြင့် မီးဝင်ရှို့ရင်း အရပ်သား ၉ ဦးကိုပါ လူသားဒိုင်းလုပ် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ခြေရာတော်ရွာနဲ့ ကြော့မင်းရွာတို့ကိုစစ်ကြောင်းဝင်မီးရှို့ကာ အရပ်သား ၉ ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ကျောက်မဲကို ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံး ၂၀ ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပန်သပြေကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်း ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် အလုံး ၂၀ နီပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။